MoeHtetEain
မိုးထက်အိမ်….. ဘာလို့ ဒီနာမည်လေးကို ရွေးဖြစ်တာလဲဆိုတော့ … ဘလော့ဆိုတာလေးတွေကို အိမ်လေးတွေနဲ့ တင်စားတတ်ကြတယ်လေ… ဒီဘလော့လေးရေးတာလေးက အာကာသ တစ်နေရာမှာ အိမ်လေးတစ်လုံး ဆောက်လိုက်ရသလိုလေး ခံစားမိတာနဲ့ မိုးထက်အိမ် ဆိုတာလေးကို ရွေးလိုက်မိတာပါ…. စိတ်ကူးလေးတွေ ၊ တွေးမိသမျှလေးတွေကို လွတ်လပ်စွာ ချရေးသွားဖို့ သက်သက်လေးအတွက် ဒီအိမ်လေးကို ဆောက်ခဲ့တာပါ… ပညာပေးလည်း မဟုတ်သလို ၊ ဖျော်ဖြေရေးအတွက်လည်း မရည်ရွယ်တဲ့အတွက် ဒီအိမ်နဲ့ပတ်သက်လာရင် ဘလော့ဂါ ဆိုတဲ့ နာမည်ကိုလည်း ကျနော် ခံယူမှာ မဟုတ်ပါဘူး… ဘလော့ဂါတွေ လိုက်နာရမယ့် စည်းကမ်းကိုလည်း လိုက်နာချင်မှ လိုက်နာပါ့မယ်… ဒီအိမ်လေးမှာ ချိတ်ထားတဲ့လင့်လေးတွေက ကျနော် သွားလည်တတ်တဲ့ အိမ်လေးတွေပေါ့…. အဲဒီလင့်လေးတွေကို ထောက်လိုက်ရင် ပေါ်လာမယ့် စာသားလေးတွေက အဲဒီဘလော့လေးတွေနဲ့ပတ်သက်တဲ့ ကျနော့် သဘောထားလေးတွေ ၊ မှတ်ချက်လေးတွေပါ….
မကောင်းသော စိတ်
မကောင်းသော အတွေး
မကောင်းသော အကြံအစည်
မကောင်းသော ဘေးဥပါဒ် အန္တရာယ် အသွယ်သွယ်မှ ကင်းဝေးလွတ်မြောက်ပါစေ….
လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…..။
မေတ္တာဖြင့်………
မိုးထက်အိမ်
15.8.09 (SAT)
11:00am


KST (45) TH
သံလုံငယ်
ကြယ်စင်မင်း
Mystery Zillion

ရောက်ပါ၏ မိုးထက်အိမ် နာမည်ချင်း ဆင်တူ သလိုတော့ ရှိသားပဲ လာရောက်သွားပါတယ် …
ဆုတောင်းသူနဲ့ ဆုပေးသူ နှစ်ဦးနှစ်ဖက် တူသောအကျိုးပေးပါစေဗျာ..
အလည်ရောက်သွားလို့ ကျေးဇူးတင်ပါ၏ ပြန်လည် လာရောက်သွားပါ၏ ….
ဒီဟာလေးက စီဘောက်သဘောမျိုးထင်တယ် ဟုတ်ပါသလားခင်ဗျာ…..
ဟုတ်တယ်… ကိုတေလေ.. စီဘောက်ထက်စာရင် ဒါက ပိုလုံခြုံတယ်… (တူ့ကိုယ်စားဖြေပေးတာပါ..အဟီး…)
ကြိုဆိုပါတယ်ဟာ
ဆက်လုပ် ဆက်လုပ်
အားပေးနေတယ်
ငါတို့အကိုကြီးများ တော်လိုက်တာ.. သူ့ညီမမရှိတုန်း အိမ်လာတဲ့ ဧည့်သည်ကို ဧည့်ခံပေးထားတယ်…
အေး.. နိုင်သလောက်လေး ကြိုးစားတာပေါ့…
အခုမှ သိလား….
မနိုင်လို့ လွှတ်ချတော့မယ်ဆို ကြိုပြောနော်… ရှောင်နေမလို့… မတော်တဆ ခြေထောက်ပေါကျသွား…ဒုက္ခ အဟဲ…
လာလည်သွားပါတယ်ဗျာ
လင့်ခ်လဲယူပြီးချိတ်လိုက်တယ်နော်!!!
ဟုတ်..
ကျေးဇူးပါ…
ရောက်ပါတယ်ဗျ လည်လည် ပြီးရောက်လာပါ၏
မေကျော်ရေ…
အလည်လာသွားပါတယ်။ သပ်ရပ်တဲ့ Home Page နဲ့ လွတ်လပ်တဲ့ အတွေးအမြင်တွေ အပေါ် ချီးကျူးချင်ပါတယ် ခင်ဗျာ…။
ဟုတ်.. ကျေးဇူး….
ပျော်ရွှင်ပါစေနော်….
လာနီးကီးတွားတယ်ဒွေးလေးရေ
ဟိ
း)
ဧည့်မှတ်တမ်းမှာ မှတ်တမ်းတင်သွားပါတယ်ခင်ဗျာ။
ဒါကိုပြောတာမို့လား.. ဖတ်ပြီးတာကြာပေါ့.. မန့်တွေအရမ်းများနေလို့ မမန့်ခဲ့တာ.. အခုတော့မန့်ပြီ..
ဟဲဟဲ လာချောင်းသွားတာ
း)
း)
New… New…. hurry……
ကောင်းတယ်ဗျာ။ကျေးဇူးတင်ပါတယ်ဒီလိုလေးတွေရှိလို့။ခင်ဗျားကိုခင်မင်ခွင့်ရှိမလားနော်။
သက္က… လူကို နောက်သွားတာလား…..
အိုင်လည်း လက်မှတ်ထိုးခဲ့တယ်
ယူရော မပါဘူးလားဟင်….
ရောက်တိုင်း ၀င်ရေးဦးမှ
ရေးသာရေး ကိုနွယ်ရိုး ဟိ
တားလဲဝင်ရေးတွားတယ်….. ဘာညာကွိကွ………..
@မေကျော်
ရောက်လို့ကို ရေးသွားတယ်။
လာသွားတယ်… စာတွေဖတ်သွားတယ် … အခုတော့ပြန်ပီ..