ကစားမလား ၊ နားမလား

” ဆုံပြီးမှ ဖြတ်တဲ့ မျဉ်းနှစ်ကြောင်းနဲ့ အမြဲတမ်း ပြိုင်နေမယ့် မျဉ်းနှစ်ကြောင်းမှာ ဆုံပြီးမှ ဖြတ်ရမယ့် မျဉ်းနှစ်ကြောင်းကိုပဲ ငါ ရွေးမယ် … ဆုံတဲ့ အချိန်ဟာ တစ်စက္ကန့်လေးပဲ ဖြစ်စေဦးတော့ ငါမက်မောတယ် …”

- ကျွန်မ သူ့မျက်နှာကို ငေးကြည့်ရင်း စိတ်ထဲကနေ အဲလိုစကားတွေ ပြောနေချိန်မှာ သူက ပြောတယ် ….

“မသူ သိလား ၊ သူငယ်ချင်းဆိုတာကို ကျွန်တော် အရမ်း သဘောကျတာပဲ ၊ သူက ခုနေ မခေါ်လို့ ပြတ်သွားလည်း နေက် ဘယ်အချိန် ပြန်တွေ့တွေ့ ခေါ်တာပဲ.. ခေါ်လို့လည်း ရတယ်…. ရည်းစားကျ ပြတ်သွားပြီးရင် နောက် လမ်းမှာ မတော်လို့တွေ့ရင်တောင် ခေါ်ချင်တာ မဟုတ်ဘူး…. အဲဒါကြောင့် သူငယ်ချင်းနဲ့ ရည်းစားကိုသာ ကျွန်တော့ကို ရွေးခိုင်းရင် ကျွန်တော် သူငယ်ချင်းဆိုတာကိုပဲ ရွေးဖြစ်မယ်”

ဘုရားရေ …. သူ ကျွန်မ စိတ်ထဲ ၀င်ကြည့်လိုက်လို့များ စကားတွေက အဲလောက် ကွက်တိ ထွက်ကျလာတာလား ၊ နောက် သူက ဆက်ပြောတယ် …” မသူလည်း သိပါတယ် ၊ အဖြူပေါ် အမည်းစွန်းချင်လည်း လွယ်တယ် ၊ အမည်းပေါ် အဖြူစွန်းချင်ရင်လည်း လွယ်တယ် ၊ ဒါပေမယ့် အဖြူကို အဖြူအတိုင်း ၊ အမည်းကို အမည်းအတိုင်း ဆက်ထိန်းထားနိုင်ဖို့က ခက်တယ် “
“အိုကေ ၊ အိုကေ ၊ မသူ ပြောမယ် ၊ သေချာနားထောင် ၊ ဆုံပြီးမှ ဖြတ်တဲ့ မျဉ်းနှစ်ကြောင်းနဲ့ အမြဲတမ်း ပြိုင်နေမယ့် မျဉ်းနှစ်ကြောင်းမှာ ဆုံပြီးမှ ဖြတ်ရမယ့် မျဉ်းနှစ်ကြောင်းကိုပဲ မသူ ရွေးမယ် … ဆုံတဲ့ အချိန်ဟာ တစ်စက္ကန့်လေးပဲ ဖြစ်စေဦးတော့ မသူ တကယ်မက်မောတယ် …” ဒီစကားကို ကျွန်မ တစ်လုံးချင်း ပီပီသသ သေသေချာချာ ပြောလိုက်တယ် …. သူ ရယ်တယ် … ထွက်ပေါက်တစ်ခုအနေနဲ့ ရယ်တာလား … ဧ၀ရတ်တောင်ထိပ်မှာ တိုက်ဆောက်ဖို့ စိတ်ကူးယဉ်နေတဲ့ လူတစ်ယောက်အဖြစ်ကို သဘောကျသလို ရယ်တာလား ဆိုတာကိုတော့ သူမှပဲ သိလိမ့်မယ် …. ကျွန်မမှာ သူ့စိတ်ထဲကို ၀င်ကြည့်နိုင်လောက်တဲ့ အရည်အချင်းမရှိဘူးလေ … ဒါ ကျွန်မကိုယ် ကျွန်မ ပေးထားတဲ့ မှန်ကန်နေတဲ့ မှတ်ချက်လေးတစ်ခုပါ … သူနဲ့ကျွန်မ စတွေ့တဲ့ သိပ်မကြာခင် ကာလလေး အတွင်းမှာပဲ ဒီမှတ်ချက်ကို ကျွန်မ ချမှတ်ခဲ့ရတာ …. ဒီမှတ်ချက်ကို ပယ်ဖျက်ဖို့ ကျွန်မ အကြိမ်ကြိမ် ကြိုးစားတယ်…. ဒါပေမယ့် ကြိုးစားလိုက်တိုင်း ရလာတဲ့ ရလာဒ်က ထပ်လောင်းအတည်ပြုဖို့ ဆိုတာတွေချည်း ဖြစ်ဖြစ်နေတယ် … ခုလည်း ကျွန်မ ထပ်ပြီး အတည်ပြုလိုက်ရပြန်ပြီ … ဟူး … အခြေအနေက ရုတ်တရက် ခြောက်သွေ့သွားတယ် … အရင်လို စလိုက် နောက်လိုက်နဲ့ စိုစိုပြေပြေဖြစ်ဖို့ ကြိုးစားမှ ဖြစ်မယ်…. ဟူး …. စကားလုံးတွေကလည်း ခုမှ ဘယ်ပျောက်ကုန်လည်း မသိဘူး …. ရှားပါးနေလိုက်ကြတာ ….။

“မသူ”
-သူ ခေါ်တယ် …. ကျွန်မ ဘာပြန်ပြောရမလဲ မသိဘူး….။
“………..”
“ကစားပွဲတစ်ခုကို ကစားတဲ့အခါ နိုင်မှာမှန်း သေချာသိနေရင် ကစားရတာ ရင်ခုန်ဖို့ ကောင်းမှာ မဟုတ်ဘူးနော် မသူ ၊ အဲလိုရင်ခုန်စရာ မကောင်းတဲ့ ကစားပွဲကို မသူ အနေနဲ့ဆိုရင် ကစားချင်မလား”
“မသူ ……..”
မိုးထက်အိမ်

  • Share/Bookmark
  1. အမရေ… ကျနော်လဲ အခုလို အတိုလေးတွေရေးကြည့်နေတာပဲ အဆင်ကိုမပြေဘူး အကြံလေးဘာလေးပေးပါအုံးဗျာ…။

  2. ခဏဆုံမှာလား အကြာကြီးဆုံမှာလား ဘယ်လိုလုပ်သိမလဲဟင်

    • မေကျော်
    • December 28th, 2009

    @NyiMinn
    အမက အရှည်မရေးတတ်လို့ အတိုတွေချည်း ရေးနေရတာ ညီမင်းရ… :)

    @လူပျိုကြီး
    မပြောပြဘူး အသေသတ်…. :P

  3. ဘီလိုဂျီးလဲဟ……….

  4. အလည်ကနေ ဖောက်ဖတ်နေရသလိုပဲ ခင်ဗျ …

    အက်ဆေးလား ၊ ၀တ္တုတိုလား ။ ???

    ကျွန်တော့် ရဲ့ ညံ့ဖျင်းမှုပဲ ဖြစ်ပါလိမ့်မယ် ခင်ဗျာ …

    :D :D :D

  5. သဘောပေါက်နေသလိုလိုဘဲ..
    သူအတွက် အဖြေကို သိနေပြီးဖြစ်လို့ မကစားချင်တော့တာ..
    အဲဒီအတွက် ဒီကစားပွဲကို နောက်ဆုပ်လိုက်တယ် မကစားဘူးလို့ ဆိုလိုတာ ထင်တယ်နော်..။
    ကျွန်မတွေးကြည့်တာလေးပါရှင်။
    စဉ်းစားစရာ ပို့လေးတွေဆို ကြိုက်တယ်။အတွေးလေး ကောင်းတယ်ရှင့်။

  6. နိုင်မယ်မှန်းသိနေတဲ့ကစားပွဲလည်း ကစားရတာကောင်းတာပဲ၊ တစ်ခါတစ်လေပေါ့၊ ဘာလို့ဆိုတော့ နိုင်မယ်မှန်းသိနေတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်အ၀ရှိနေတာကိုး။ အဲဒီအရသာက သိပ်ကောင်းတယ်။ ဒါပေမဲ့ နိုင်မယ်မှန်းသိထားပြီး မတော်တဆ ရှုံးသွားရင် ခံစားရတာကလည်း သိပ်ခါးတယ်

  7. လိုက်မမှီတော့ဘူး…မူးနောက်ပြာဝေပြီး ပြန်သွားပါတယ်…

    • zox
    • December 28th, 2009

    ကို အချစ်မဲ့ဂစ်တာ စကားငှားသုံးမယ်။
    ပြိုပျက်လဲကျ မူးယစ်.. အား…………….

  8. ထိမှန်ကုန်ပြီ ချာလပတ်ရမ်းကုန်ပြီ
    အစွမ်းထက်လှချည်လားဟာာာာ
း)

  9. မေကျော်ရေ အမကြားဖူးတာတော့ Friends are forever that are never fade တဲ့

  10. ငါ့ဂျီးဒေါ်.. စိတ်ကိုခိုင်ခိုင်ထား.. ဟဲဟဲ.. နိုင်မယ်မှန်းသိသိနဲ့ အနိုင်ကျင့်ချင်သူတွေကို မထင်မှတ်တဲ့ ရလဒ်တွေပြန်ပေးလို့ရပါတယ်..ဟဲဟဲ.. နည်းလိုချင်ရင်တော့ ဝမ်းတေဘယ်လ်ဘဲ.. :P

  1. No trackbacks yet.

Marquee Content Powered By eTDS TechnoSys. Visit our Forums.