နှလုံးသား TTL
ကောင်မလေးရေ…..
Network ကွန်ယက်တစ်ခုအတွင်းမှာ ပို့ချင်တဲ့ data တွေကို packet လို့ ခေါ်တဲ့ အပိုင်းလေးတွေပိုင်းပြီး ပို့ကြတယ်ဆိုပဲ … ပို့တဲ့ကောင်က source ၊ လက်ခံတဲ့ကောင်က destination လို့ခေါ်တာကို နင်သိပြီးသား ဖြစ်မှာပါ … အဲလို data တွေ ပို့ကြတဲ့အခါ စပို့လိုက်ပြီး သတ်မှတ်ကာလ ဘယ်လောက်အတွင်းမှာ လက်ခံတဲ့ဘက်(destination) ကို ရောက်ရမယ် ၊ မရောက်ရင် အဲဒီ packet ကို ဖျက်ပစ်မယ် ၊ ပြီးရင် ပို့ချင်တဲ့ destination ဆီ မရောက်ပါ ဆိုတဲ့ ICMP လို့ ခေါ်တဲ့ error message ကို source ဆီ ပြန်ပို့ပေးတယ် … ဒီ message ပြန်မပို့ခင် packet သွားနေတဲ့ … ပြောရရင် အသက်ရှင်နေတဲ့ ကြားကာလလေးကို TTL ( Time to live) လို့ခေါ်တယ်ဆိုပဲ ကောင်မလေးရ … အဲဒီအချိန်ကာလကို ပို့တဲ့ sender ( source ) ဘက်ကနေ သတ်မှတ်ပေးရတယ် ဆိုတာတွေ နင် သိပြီး ဖြစ်မှာပါ….

ပြောချင်တာက ကောင်မလေးရာ …
ငါ ဆိုတဲ့ source ကြီးကနေ နင်ဆိုတဲ့ destination ဆီကို ရင်ခုန်သံ စည်းချက် packet တွေ တစ်ပိုင်းပြီး တစ်ပိုင်း ပို့လွှတ်နေတယ်ပေါ့ဟာ … အဲလိုပို့လွှတ်ရင်းနဲ့ ကြားထဲမှာ ပျောက်ရှပြီး error message ပြန်အပို့မခံရဖို့အတွက် TTL သက်တမ်းကို င့ါဘ၀ တစ်သက်စာ အချိန်တွေ ပုံအော ထည့်ပေးထားပါတယ် …. ကြားထဲမှာ ငါ ဖြတ်သန်းရမယ့် ချစ်ခင်မှု ၊ ကြင်နာမှု ၊ ယုံကြည်မှု ၊ သစ္စာစောင့်သိမှု ဘူတာတွေကို ငါ ကြံ့ကြံ့ခံဖြတ်သန်းပြီးရင်တော့ ကောင်မလေးရေ င့ါရင်ခုန်သံ packet တွေကို နွေးထွေးပျူငှါစွာ လက်ခံပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ဟာ…

ချစ်ခြင်းများစွာဖြင့်
ကောင်လေး
ကောင်လေး
ဝန်ခံချက် ။ ။ မရေးတတ် ရေးတတ်နဲ့ ရေးလိုက်တာမို့ အမှားပါရင် ကြည့်ရှုစောင်မတော်မူ

KST (45) TH
သံလုံငယ်
ကြယ်စင်မင်း
Mystery Zillion

ွှTTL တော့ ကြားဖူးတယ်…။ ဒါပေမယ့်လည်း ကိုယ်က နည်းပညာနဲ့ မိုင်ပေါင်း ထောင်ချီ ဝေးသူမို့ သိပ်နားမလည် နိုင်ပါ..။ (သြော်သြော်…ခေတ်ကာလသားသမီးများ ခက်တော့ ခက်သား..ရည်းစားစာ ပေးတာတောင် ရိုးရိုး မပေးဘူး.။ ယှရီကျော်ခင်လို မျိုး ဖြစ်ပါစေလို့ (စိတ်ထဲက ကြိတ်ပြုံးပြုံးပြီး) ဆုတောင်း ပေးလိုက်မိပါတယ်….း)
မရေရာတဲ့ Packet Switching လောကကြီးမှာ TTL ကို တစ်ဘဝစာနဲ့ ပို့မယ့်တဲ့လား အရင်းအနှီးကြီးလွန်းလှတယ် Un-reachable Destination ဖြစ်နေမှဖြင့် ဒါမှမဟုတ် ကြားထဲက Firewall ကမသင်္ကာတဲ့ ပုဒ်မနဲ့ ကောင်မလေးမသိအောင် Drop လုပ်နေမှဖြင့်
Reply ပြန်မယ်ဆိုလည်း ကောင်မလေးလည်း သတိထားရမယ် Raw Packet နဲ့ဆောက်ထားတဲ့ Fake Source IP ဖြစ်နေမှဖြင့် မခန့်မသင့်ရင် DDoS တစ်ခုရဲ့ ကြံရာပါထဲမှာ ပါသွားမှဖြင့်
( အဆိုးမြင်ဝါဒနဲ့ ဝင်ရေးပေးသွားတယ်သိလား
)
@မြှားများ
ယှရီကျော်ခင် ကို သိဘူး .. ဟီး
@လူပျိုကြီး
ကိုလူပျိုကြီး တော် တော် ခင်များ
ယှရီ ကျော်ခင်က မြန်မာစာကျောင်းသား တယောက်။ အဲဒါ ကောင်မလေးကို ရည်းစားစာပေးတာ ကျောက်စာလို ရေးပြီး ပေးသတဲ့…ကောင်မလေးက နားမလည်တော့ မူးမေ့တောင် လဲကျသွားတယ် ဆိုပဲ..။ နောက်ဆုံးတော့ ကောင်မလေးက ပြန်ကြိုက်သွားတယ် ဆိုတဲ့ ဝတ္ထု တပုဒ်ပါ.။ အဲဒီ စာအုပ်က မောင်တေလေ ငှားသွားလို့ ရန်ကုန် ပါသွားပြီ မို့…သူ့ကိုသာ ရိုက်တင် ခိုင်းတော်မူပါတော့….။
အယ် တော်လိုက်တာ ရေးထားတာ ဂွတ်တယ်။
ဒီလို ပို့ချင်တိုင်း ပို့လို့ မရအောင် ဘယ်လို Anti-Virus Software
သုံးရပါသလဲ ခင်ဗျာ …
TTL ကိုလာအားပေးပါတယ် အရမ်းမြင့်တဲ့ စနစ်ဖြစ်နေလို့ TTL နဲ့မပို့တော့ဘူးနော်:P
မေကျော်တို့ အိုင်ဒီယာကတော့ မိုက်တယ်…
ခေတ်သစ်ရည်စားစာလိုပါပဲး)
Packet တွေနဲ့ အလုပ်ရှုပ်နေတာကြောင့် အခုမှ လာလည်မိပါကြောင်း…။
ကျွန်တော့် မီးနံရံကဘာကိုမှမ၀င်မခံဘူးခင်ဗျ…..
ကောင်မလေးရေ… ဆိုပြီး အစချီထားတယ် ဆိုတော့ … နာ့မူပိုင်စာလုံးကို ယူသုံးထားပါလား။ အောက်မှာတော့ ကောင်လေးတဲ့။ တရားစွဲမယ်။
(နောက်တာနော်။ အရေးအသား မိုက်တယ်ဗျို့)
@zox
တရားစွဲမယ်ဆိုရင် register အရင်လုပ်