ကဲ …… ဗျာ
ခုတလောဗျာ …. ဘာဖြစ်နေတယ် မသိဘူး … အားလုံးက လွှတ်တင်နေကြတာပဲ …. မနက်စောစောဗျာ ဂျီတော့ခ်လေးမှ ဖွင့်ကာစရှိသေးတယ် … လူကို လာပြောတယ် ဒီဘလော့ကစာတွေက ကိုယ်တိုင်ရေးတာလားတဲ့ … ယုံရမှာတော့ ခက်တတ်တတ်တဲ့ … အွန် … ယုံအောင် အိမ်မှာ အကြမ်းလျှောက်ခြစ်ထားတဲ့ စာရွက်တွေ ယူပြရမယ့်ကိန်းနော်… ခက်တော့ ခက်နေပြီ … ကျနော့် သူငယ်ချင်း အရင်းခေါက်ခေါက်တွေရေးတဲ့ စာတွေ ဖတ်ဖူးရင် ဘယ်လိုများနေမယ် မသိ…. သူတို့ စာတွေဆို မဂ္ဂဇင်းတွေမှာတောင် ပါတယ် … ကျနော်သာ အဲလို ရေးနိုင်စွမ်း မရှိလို့ ဒီလောက်လေးနဲ့တင် စိတ်ဖြေနေရတာ … အင်းပေါ့လေ … ကျနော့်ပုံကလည်း အဲလို စာတွေ ရေးမယ့်ပုံမှ မပေါက်တာ …. ဆိုတော့ကာ … ဟုတ်တယ် ၊ ကိုယ့်ဘာသာကိုယ်ရေးတာလို့ပဲ အေးဆေး ဖြေလိုက်ပါတယ် ….။
ခဏနေတော့ တစ်ယောက်က လှမ်းပြောတယ် … FB မှာ တင်ထားတဲ့ပုံက ၀ါးလို့ ထင်တယ်…. ကြည့်လို့ တော်တော်အဆင်ပြေနေတယ်တဲ့ … ဟုတ်တယ်လို့ ၊ ဓါတ်ပုံစားတယ်လေ လို့ အကောင်းလည်း ပြောရသေးတယ်… အဲဒါကြောင့်တဲ့ ၊ ဓါတ်ပုံထဲမှာပဲ မာနကြီးလို့ ရနေတာ ၊ အပြင်မှာ မာနကြီးလို့ မရဘူးတဲ့…. ဘယ့်နှယ်ဗျာ လူကို … ကိုယ့်ဘာသာကို မာနကြီးချင်လည်း ကြီးမယ် ၊ သေးရင်လည်း သေးမယ်ဗျာ … ဒီကလေးကိုတော့ ချက်ထဲမှာ လက်ညောင်းခံပြီး ပြန်ပြောမနေတော့ပါဘူး … တွေ့ကာမှ ခေါက်ပစ်လိုက်မယ်….။
ကော်ဖီချိန်လောက်ရောက်တော့ အစုတ်ပလုတ်လေး အွန်လိုင်းတတ်လာတယ် … ကျနော့်ကို ဒုက္ခမပေးရတာ ကြာလို့ နှိပ်စက်မလို့ဆိုပြီး သူ့အိမ်ကို လူကြုံပေးလိုက်တာ ရ ၊ မရ ဖုန်းဆက်မေးခိုင်းတယ် … နောက်ပြီး နင်တော့ ဒုက္ခများနေပြီတဲ့ ပြောတယ်…. ကျနော်ကလည်း ရပါတယ်လို့ ၊ ဖုန်းဆက်ရတာ ဒုက္ခမများပါဘူးလို့ နည်းနည်းအော်ပြောရတာ တစ်ခုပဲလို့ သူ့ကို ပြန်ပြောလိုက်မိတယ်ပေါ့…. ဟုတ်တယ်လေ… ဖုန်းလိုင်းက ဆူလို့ တကယ် နည်းနည်း အော်ပြောရတယ် … အဲဒါကို သူက ဘယ်လို ထင်သွားလဲ မသိဘူး… နင်အသံက အရမ်းအော်စရာမလိုပါဘူး တဲ့… ကဲ … ရန်ဖြစ်ချင်စိတ် မရှိတဲ့နေ့ကျမှ ရန်ဖြစ်ချင်စရာတွေချည်း လာတိုးနေတယ် … ခါတိုင်းဆိုရင်တော့ ပြန်ပြောဖြစ်မှာ သေချာတယ် … ခုတော့ စိတ်ကောင်းလေး နည်းနည်းဝင်နေတာရယ် ၊ ကျနော် နည်းနည်းလောက်ပြောလိုက်ရင်ကို သူက သူ့မာန အကြီးကြီးကို ချပြတတ်တာရယ်ကြောင့် နည်းနည်း အလျော့ပေးလိုက်တယ်… ဒါပေမယ့် စိတ်ထဲမှာတော့ တွေးလိုက်မိပါတယ် … သူ ယူတဲ့ မိန်းမ ကျနော့်ထက် အသံတိုးရင် တိုးပေါ့ဗျာ … ကျနော့်လောက် အသံဆိုရင်ကို ကျနော် ပြောပြီပဲ… ကျနော့်ထက်များ အသံကျယ်ကြည့်… လုံးဝ အားမနာတမ်းကို ပြောပစ်မှာ … အဲဒီလူ တစ်ကိုယ်တည်းဘ၀နဲ့ အရိုးထုတ်ကာမှ ထုတ်ရောပဲ … ကျနော်ကတော့ ပြောဖို့ကို ဦးနှောက်အလေးခံပြီးကို မှတ်ထားလိုက်တယ်…။
အဲဒီကိစ္စပြီးတော့ သိပ်မကြာဘူး … မေ၀င်းသူ နဲ့ စကားပြောချင်လို့ပါ ဆိုပြီး ဖုန်းဝင်လာတယ် … ဟင် … ဘယ်လို နာမည်ကြီးလဲပေါ့… ကိုယ့်နာမည်မှ မဟုတ်တာ… ဖုန်းမှားတယ်ဆိုပြီး reception ကို ပြန်လွှဲပေးလိုက်တယ် … ဒါပေမယ့် အဲဒီလူပဲ နောက်တစ်ခေါက် ထပ်ဝင်လာတယ် … ပြီး ကျနော့်ကို ကောင်းကောင်းကောတယ် …. ခင်များတို့ရုံးက ဖုန်းကို ဟိုလွှဲဒီလွှဲနဲ့တဲ့… နာမည်လည်း မှားပြောသေးတယ် ၊ ဟိုဟို ဒီဒီ အလွှဲခံရတာကို သူက စိတ်တိုသတဲ့ … အံ့သြပါ့… နောက်ပြီး သူ့အသံ မမှတ်မိလို့တဲ့ဗျာ… စဉ်းစားလည်းကြည့်ပါဦး … သူတောင် ကျနော့် နာမည်ကို မှန်အောင် မခေါ်နိုင်တာ ကျနော် အသံ မမှတ်မိတာ လွန်သလားဗျာ… တကယ်ဗျာ …. လူက နည်းနည်းတော့ စိတ်ဆိုးချင်လာပြီ….။


KST (45) TH
သံလုံငယ်
ကြယ်စင်မင်း
Mystery Zillion

စာရေးတတ်တဲ့ပုံဆိုတာ ဘယ်လိုပုံလည်းမသိ
အခုတော့ Facebook ကပုံဘာလို့ ဝါးတယ်ဆိုတာလည်း သိသွားပါပြီ
အဲလူ ဘယ်သူပါလိမ့်… တော်တော်ဆိုးတာပဲနော်…. ဖုန်းထဲမှာ အသံမမှတ်မိတာနဲ့ ဟောက် ရတယ်လို့…… နောက်မဟောက်တော့ဘူးနော်…. ရဟန်းဒကာမလေးရေ…
တွယ်ပစ်ကွာ ချပစ်ကွာါ်ီ
Smile မပေါ်လို့ နောက်တခေါက်ရေးတယ်
စိတ်လျှော့ … စိတ်လျှော့…. ။
အေးလေ မေသူဝင်းကို တောင် မေ၀င်းသူ တဲ့ ။ ဒါပေမယ့် ဒီနာမည်မျိုး မှည့်မှာမှ မဟုတ်ဘဲကွယ့်
စိတ်လျှော့ … စိတ်လျှော့
@NyiMinn
မှားပီး ပြန်ပြောမိတာ … ဟီး ဆောတီး
@လူပျိုကြီး
ကိုယ်တို့က ၀ါးပဲဝါးတာနော်… သူများတွေလို မျက်မှန်မည်းကြီး တပ်မထားဘူး
@NweYoe
အဲဒါပေါ့ မလိမ္မာ ၂ ခါ ဆင်းရဲ
@မေခင်မွန်း
သေချာအောင် ၂ခါ မေးတယ် မမရယ် ၊ သေသေချာချာ မှားတယ်
@NyiMinn
… အဲလောက်နဲ့တော့ စိတ်မဆိုးပါဘူးအေ့
ရေးသွားတဲ့ဟန်ကတော့ တကယ့် အပျိုကြီး Style ပဲ ဗျို့ …
ဒါလို အတွေးတွေကြောင့်လည်း တစ်ခါတစ်ခါ တော်တော် ဂွတီးဂွကျ နိုင်နေတာ ဖြစ်ရမယ် …
@သိ င်္ဂါ ရ
အိုး အဲလိုဂွကျအောင် သူတို့တွေပဲ သင်ပေးတာပဲ
မမမေကျော်.လာလည်တွားတယ်ဗျို့ ..ငဇူးဆိုဒ်လေးကြေငြာထိုးပါရစေ အဟီး။
ကလူပျိုအကြံလေ…အဟီး မိုက်ဟ
http://www.songsforyou.co.nr/
@zuzu
အယ် လယ် လယ်…. မာကက်တင်း ဆင်းတယ်ပေါ့….