သူ့နေရာ

” I’m a big big girl… In a big big world … It’s not a big big thing if u leave me… But I do do feel … That I do do will … Miss u much … Miss u much… “
“ကိုယ်နဲ့ မတန်တဲ့ သီချင်းတွေ ဆိုနေပြန်ပြီ ၊ ဘယ်ကလာ big big girl ကမှာလဲ ၊ small small girl ၊ ဟ ဟ”

ဟင် ၊ ရောက်မှ မလာသေးဘူး ၊ စကားနာထိုးပြီ ၊ ဒီမောင်လေး တစ်ယောက်နဲ့ပဲ နီးနီးကပ်ကပ် နေလို့သာရယ် … နှစ်ယောက် ၊ သုံးယောက်နဲ့များ နီးနီးကပ်ကပ်နေမိရင် ကျွန်မတစ်ယောက်တော့ သူတို့ကို ဘယ်လိုနိုင်အောင် ပြောရမလဲ စဉ်းစားရလွန်းလို့ အရွယ်မတိုင်ခင် ဆံပင်ဖြူနိုင်တယ် … ဒီမောင်လေးကလည်း မောင်လေးလို့သာ ပြောတာ … တကယ့် တကယ်ကျ အသက်က ၁ လပြည့်အောင်တောင် မကွာတတ်တော့ သူငယ်ချင်းလိုဖြစ်နေတယ်လေ… အဲဒီတော့ မောင်လေး ဆိုတဲ့ နာမ်စားအစား သူငယ်ချင်း ဆိုတဲ့ နာမ်စားကိုတောင် ပိုသုံးဖြစ်တယ်….။

“ဒီမယ် ၊ လူကောင်ကို ပြောတာ မဟုတ်ဘူး ၊ စိတ်ဓါတ်အင်အားကို ပြောတာ ၊ သိရဲ့လား ၊ နင်တို့တွေ အဲဒါတွေပြောလည်း နားလည်မှာ မဟုတ်ပါဘူး”

အရှုံးမပေးဘဲ ပြန်ပြောရင်း ကျွန်မ သူ့ကို လှမ်းကြည့်လိုက်တယ် …။ မျက်နှာက မသာမယာနဲ့ ဘာဖြစ်လာတာလဲ မသိ ။

“နင့် မျက်နှာက ဘာဖြစ်လာတာလဲ ၊ အီလည်လည်နဲ့”
“အေး ၊ င့ါ ကောင်မလေးနဲ့ ပြတ်လာတာ”
“ဟင် ၊ နင်က ဘယ်တုန်းက ဘယ်လို”
“အေးဟေ့ ၊ ရည်းစားဖြစ်တာ (၃) ရက်ပဲ ရှိသေးတယ်”
“ဟင် ၊ လွန်လှချည်လား ၊ မိန်းကလေးတစ်ယောက်ကို (၃) ရက်တည်းတွဲပြီး ဖြတ်လိုက်တယ်ပေါ့ ၊ မမိုက်ပါဘူး”
ကျွန်မ နှာခေါင်းကို အသားကုန်ရှုံ့ပြီး မကျေမနပ် ပြောလိုက်တယ် ။
“နင် ကလည်း လွှတ်တင်နေတာပဲ ၊ င့ါ စကားဆုံးအောင် နားထောင်ဦး”
“အေး ၊ အေး ၊ ဆက်ပြော”
“အဲဒီဇာတ်လမ်းကိုလည်း သူပဲ စတာ ၊သူက င့ါ စီနီယာ ၊ သူပဲ ချစ်လှပါချည်ဆိုပြီး ဆေးရုံကိုတောင် လိုက်လာတယ် ၊ ဂျူတီချိန်တွေဆိုလည်း လာတွေ့တယ် ၊ အဲဒါ ခု ငါက အဖြေလည်း ပြန်ပေးပြီးရော ဖြတ်သွားတယ် ၊ (၃) ရက်နော် ၊ (၃) ရက်ပဲ ရှိသေးတယ် ၊ နားမလည်တော့ဘူး ၊ တကယ်ကို နားမလည်တော့ဘူး”
“တကယ်ကြီးလား”
“အာ ၊ နင်ကလည်း”
“မဟုတ်ပါဘူး ၊ ငါက သေချာအောင် မေးတာပါ ”
“………..”
“အဲလိုသာ တကယ်ဆိုရင်တော့ ငါ့အထင်ပြောရရင် အဲဒါ သူ့သိက္ခာ သူပြန်ဆယ်သွားတာနေမှာ”
“ဘာ ၊ သိက္ခာ ဟုတ်လား ၊ ဟား ဟား ဟား လို့သာ အော်ရယ်လိုက်ချင်တော့တယ်”
“ကိုဖြိုး ၊ ငါပြောမယ် ၊ နင်စဉ်းစားကြည့် ၊ သူက နင့် စီနီယာနော် ၊ ဒါ့အပြင် သူ့ရဲ့ မိန်းကလေး သိက္ခာဆိုတာကို ချထားပြီး သူချစ်တဲ့ အကြောင်း နင် သိအောင် ပြောခဲ့ ၊ ပြခဲ့တယ် ၊ ခု နင့်ဆီက သူ ကြားချင်တဲ့ ချစ်တယ် ဆိုတဲ့ စကားကို ကြားရပြီဆိုတော့ သူ့သိက္ခာသူ ပြန်ကောက်ယူလိုက်တာ ဖြစ်မယ်၊ ငါတော့ အဲလိုပဲ ထင်တယ်”
“သူ ကတယ် မချစ်လို့ ဖြစ်မှာပါဟာ”
“မဖြစ်နိုင်ဘူး ၊ နင် သေချာ စဉ်းစားကြည့် ၊ သူလည်း တကယ် မချစ်ဘဲနဲ့ အပျော်သက်သက်အတွက်နဲ့ သူ့ရဲ့ ဆရာဝန်ဆိုတဲ့ ဂုဏ် ၊ မိန်းကလေး ဆိုတဲ့ သိက္ခာကို ချပြီး နင့် ဆေးရုံထိလာမယ်လို့များ ထင်နေလား ၊ ဝေးပါသေးတယ် ၊ မိန်းကလေးတွေ ဘာဖြစ်ပါသည် ၊ ညာဖြစ်ပါသည် မပြောနဲ့ဟာ ၊ မိန်းကလေးဆိုတာ သူတို့ တကယ်ချစ်ရင် နူနူ ကျိုးကျိုး ကန်းကန်းနော် ၊ ခု နင်ကတော့ အဲလိုမဟုတ်ပါဘူး ၊ ဘယ်လိုပဲ ဖြစ်ဖြစ် နင်လည်း မိန်းကလေးတွေကို အပြစ်မပြောနဲ့ ၊ ငါ တကယ် မကြိုက်ဘူး ၊ခု သူ နင့်ကို ထားခဲ့တယ် ဆိုတာလည်း မချစ်လို့ မဖြစ်နိုင်ဘူး”
“နေပါဦး ၊ နင်က သူ့ဘက်က ဘာလို့ အဲလောက်ပြောပေးနေရတာလဲ ၊ ဘာလို့ သူ့နေရာကနေ အဲလောက် နားလည်ပေးနေရတာလဲ ၊ မဟုတ်မှ လွဲရော ၊ မော်ကျေ ၊ မှန်မှန်ပြောစမ်း ၊ နင်…”
“အဲ ၊ ငါ အပြင်သွားဖို့ ချိန်းထားတာ ရှိသေးတယ် ၊ နောက်တောင် ကျနေပြီ ၊ လစ်ပြီ လစ်ပြီ ၊ တာ့တာ”
မလစ်လို့ မရဘူးလေ ၊ တကယ်သာ တေ့တေ့ဆိုင်ဆိုင်အမေးခံရင် ကျွန်မ … ။

မိုးထက်အိမ်
  • Share/Bookmark
  1. ဒါမျိုးဖြစ်ရပ်တွေလည်း ရှိတာပဲလား ကျွန်တော် ဗဟုသုတနည်းတာတွေ ဒီရက်ပိုင်း ပိုသိသာလာတယ် မကြားဖူးတာတွေ ကြားနေရတယ်။ :D

    မောင်လေးပြောတဲ့ စကားကိုဆက်မှ နားမထောင်တာ ကိုယ့်ဟာကိုယ် ထင်ချင်ရာထင်ပြီး ပြေးတာကိုး။ တစ်ကယ်က သူပြောတာက “ မဟုတ်မှ လွဲရော ၊ မော်ကျေ ၊ မှန်မှန်ပြောစမ်း ၊ နင် ငါ့ဆေးသေတ္တာထဲက ဆေးပုလင်းမှားသောက်လိုက်တယ် မဟုတ်လား ဆေးတစ်ပုလင်း တစ်ဝက်လျော့နေတယ်” ပြောတာပါဗျာ။ :P

    • သူရိယ
    • January 11th, 2010

    တခုခုတော့ တခုခုပဲ… သေချာနေပါပြီ…

  2. ဆရာဝန်ဖြစ်နေပြီးတော့ ကတိမတည်တာ အဲဒါ …တကယ်ဆို အချစ်ဆိုတာကိုသိက္ခာနဲ့ လဲတာ
    လုပ်စရာလားအဲလို … တကယ်ချစ်ရင် အချစ်ဆိုတာကို တကယ်တန်ဖိုးထားရင် ဆိုက်ကားသမားလဲ တွဲပေါ့..
    ဟင်း သူတို့ ပဲအမျိုးမျိုး အဲဒါကြောင့်ပြောတာ ……..:P

  3. ဘယ်လိုပြောမလဲဆိုတော့ ဗဲရီးဂွတ်ပေါ့နော်. . .အရှောင်အသိမ်း ဂျက်ဆီဂျိန်း ပါပဲ .. ။ဟီး

    • MM
    • January 12th, 2010

    သိတယ် အဲတာ …….
    “မော်ကျေ မဟုတ်မှလွဲရော မှန်မှန် ပြောစမ်း နင်မေကျော် မဟုတ်လား…”
    အဲတာ မေးမှာပါ..တစ်ခါတည်း ဘာမှနားမထောင်ဘဲ ပြေးတာလွန်ရော…….:P
    ခင်လို့ စလိုက်သည်။

    • မေကျော်
    • January 13th, 2010

    @တောသား
    ပတ်ဝန်းကျင် ဆိုတာ အဲဒါပဲ :D

  4. ထွက်ပြေးတာပေါ့နော်… အင်း… သူရိယပြောသလို တစ်ခုခုတော့ တစ်ခုခုပဲ… ဇာတ်လမ်းက..အဟ

  5. မဟုတ်မှလွဲရော…………
    မော်ကျေ တစ်ယောက်
    ချိန်ထားတာ လွဲသွားမှာ စိုးလို့ထင်တယ်
    အဟတ်ဟတ်…………..

  6. မဟုတ်မှတော့ လွဲပြီပေါ့ မမရဲ့ :P

  7. ညီမလေးရေ…

    စာရေးကောင်းလိုက်တာ.. သွက်သွက်လေးနဲ့ ပေါ့ပေါ့ပါးပါးလေး… ဖတ်ရတာ မြူးကြွလှပ.. တကယ် တကယ်..

    လင့်ထားမယ်..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

    ဦးနော် တီငယ်

    • မေကျော်
    • January 16th, 2010

    ဟာ … ကျေးဇူး တကယ်တင်တယ်း)

  8. မော်ကျေ ဆိုတာ အဒူလဲ ဂျ :P :P

  9. တကယ့်အဖြစ်အပျက်လား… ကိုယ်တွေ့လေးနဲ့ တူတယ်နော်..
    ဖတ်လို့ကောင်းပါသည်…

  1. No trackbacks yet.

Marquee Content Powered By eTDS TechnoSys. Visit our Forums.