နောက်ဆုံး သို့မဟုတ် ပထမဆုံး
သူနဲ့ပတ်သက်ပြီး ဘာကိုမှ မတွေးတော့ဘူး လို့ စိတ်ကူးလိုက်တဲ့ တခဏမှာ ခံစားချက်ဆိုတာ ဆိတ်သုဉ်းသွားပါတယ်… ခံစားချက်ဆိတ်သုဉ်းနေတော့ ခါတိုင်းရေးနေကျ စာတိုပေစလေးတွေတောင် ရေးချင်စိတ်မရှိ ဖြစ်သွားပါတယ်… နောက်ပြီး ဘယ်လိုခံစားချက်နဲ့ ရေးထားတဲ့ စာကိုမှ မခံစားချင်တော့ဘူး …. ဒီတိုင်းလေးပဲ ငြိမ်ငြိမ်သက်သက်လေး နေချင်နေမိတယ်…. စိတ်ကို ဘာဆို ဘာမှ အရောင်မဆိုးချင်တော့ဘူး ….. ဒီတိုင်းလေး ငြိမ်ငြိမ်လေး….. ။
သူ …..
ကျွန်မရေးသမျှ စာတွေထဲက ၁၀ ပုဒ်မှာ ၉ ပုဒ်က သူ့တစ်ယောက်တည်းကိုပဲ ဦးတည်ရေးတဲ့ စာတွေပါ…. စာရေးချင်ပြီဆိုတဲ့ အခါတိုင်း သူ့ကို စိတ်ထဲ ထည့်လိုက်ရင် လက်က အလိုလို စာရေးမိသွားတာချည်းပဲ…. သူ ကျွန်မကို ဂရုစိုက်ရင် ဂရုစိုက်သလို ကြည်နူးတဲ့စာတွေ ရေးမိတယ်…. သူ ကျွန်မ မဟုတ်တဲ့ တခြား မိန်းကလေးတွေနဲ့ အဆင်ပြေနေရင် ပြေနေသလို သဝန်တိုတဲ့ ၊ လမ်းခွဲတဲ့စာတွေ ရေးမိတယ်… သူနဲ့ ကျွန်မကြားက တကယ့် အဖြစ်မှန် ခပ်ပါးပါးလေးတွေကို တတ်သလို မှတ်သလို အရောင်ခြယ်လို့ ကဗျာမပီ စာမပီတွေ ရေးဖွဲ့ခဲ့တယ် …. ဒါပေမယ့် ကျွန်မနဲ့ ပတ်သက်ရင် ဘာကိုမှ စိတ်ဝင်တစား မရှိလှတဲ့ သူက ကျွန်မအိမ်ကို လာလည်မှာ မဟုတ်ဘူး… မတော်တဆ လာလည်မိရင်လည်း ခပ်လျှမ်းလျှမ်းလေးပဲ လာတဲ့ အတွက် ဖတ်မိမှာ မဟုတ်ဘူး ….. စိတ်ကူးပေါက်လို့ ယောင်ရမ်း ဖတ်မိရင်တောင် သူ့ကို ရေးတာလို့ ထင်မိမှာ မဟုတ်ဘူး …. ဘာမှ အရေးမကြီးတဲ့ အကြောင်းအရာတွေကို ခံစားပြီး ရေးထားတဲ့ စာတွေလို့ပဲ သူ မြင်မယ်ထင်တယ်….. ဟုတ်တယ် …. ကျွန်မရင်နဲ့အမျှ ရင်းပြီး သူ့အကြောင်းရေးသမျှစာတွေဟာ သူ့အတွက် ဘာမှ အရေးမကြီးဘူး….. ကျွန်မဟာ သူ့အတွက် ဘာမှ မဟုတ်ခဲ့ပါဘူး…. ဘာဆို ဘာမှ မဟုတ်ခဲ့ပါဘူး ….. ဒါပေမယ့်…..။
သူ …..
မနက်မိုးလင်းလို့ ဘုရားရှိခိုးခါနီးရင်တောင် သူ ကြိုက်နှစ်သက်တဲ့ အလုပ်ဆိုပြီး သူ့အကြောင်း အရင်တွေးမိပါတယ် …. သူ ကြိုက်တဲ့ အစားအစာတွေ ကျွန်မ စားရတိုင်း သူ့ကိုအပြေးကျွေးချင်တယ်…. မရောက်ဖူးတဲ့ ဒေသတွေ ခရီးထွက်ရတိုင်း သူပါ ပါစေချင်တယ် …. စာတစ်ပုဒ်ဖတ်ရတိုင်း သူ့အမြင်ကို သိချင်လို့ မေးလ်အမြဲပို့တယ် …. မေးလ်ပို့လို့ မရနိုင်တဲ့စာတွေ ဖတ်ရတိုင်း အနားနားမှာ ရှိစေချင်ပြီး အမြင်တွေ ဆွေးနွေးချင်တယ် …. ကျွန်မစိတ်တွေ သိမ်ငယ်တိုင်း သူ့ အားပေးသံ ကြားချင်တယ် …. မပြောပလောက်တဲ့ အောင်မြင်မှု သေးသေးလေးတွေပေမယ့် သူ့ကို အပြေးကြွားချင်တယ် ….. ဇဝေဇဝါဖြစ်ရတဲ့ ကိစ္စတွေနဲ့ ကြုံတိုင်း သူ ဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ သိချင်တယ် …. ည အိပ်ရာဝင်လို့ ဘုရားရှိခိုးတိုင်း သူ့အတွက် ဆုတောင်းပေးဖို့ အမြဲ သတိရတယ် ….. သူ့ လွှမ်းမိုးမှုတွေအောက်က ရုန်းမထွက်နိုင်လောက်အောင်ကို သူဟာ ကျွန်မအတွက် အရေးပါခဲ့ပါတယ် …. သူဟာ ကျွန်မကို အမြဲလွှမ်းမိုးနိုင်တဲ့ တစ်ခုတည်းသော အရိပ်ပါပဲ…..။
သူ …..
ကျွန်မအကြောင်းကို သူ ဘယ်တုန်းကမှ စိတ်ဝင်တစား မရှိခဲ့လှပါဘူး ….. နေကောင်းလားလို့ နှုတ်ဆက်တတ်တဲ့ စကားတစ်ခွန်းကလွဲရင် ကျန်တဲ့အရာတွေကို သူ မပြောတတ်ခဲ့ဘူး …..
ကျွန်မ အလုပ်အကိုင် အဆင်ပြေရဲ့လား …..
ကျောင်းရော ပြီးသွားပြီလား …..
ကျွန်မ အခု ဘာတွေ လုပ်နေလဲ …..
ဘယ်လမ်းကို လျှောက်နေလဲ …..
ဘယ်လို အိမ်မက်တွေ ရှိလဲ …..
ဘယ်လို အတွေ့အကြုံတွေ ရနေပြီလဲ ….
ကျွန်မ ဘာကြိုက်တတ်လဲ ….. မကြိုက်တတ်လဲ …..
ဘာဆို ဘာမှ သူ စိတ်မဝင်စားပါဘူး….. ဘာဆို ဘာမှ….။
ကျွန်မ အလုပ်အကိုင် အဆင်ပြေရဲ့လား …..
ကျောင်းရော ပြီးသွားပြီလား …..
ကျွန်မ အခု ဘာတွေ လုပ်နေလဲ …..
ဘယ်လမ်းကို လျှောက်နေလဲ …..
ဘယ်လို အိမ်မက်တွေ ရှိလဲ …..
ဘယ်လို အတွေ့အကြုံတွေ ရနေပြီလဲ ….
ကျွန်မ ဘာကြိုက်တတ်လဲ ….. မကြိုက်တတ်လဲ …..
ဘာဆို ဘာမှ သူ စိတ်မဝင်စားပါဘူး….. ဘာဆို ဘာမှ….။
သူ …..
ကျွန်မ ခုလို သူ့အကြောင်းတွေးပြီး နှလုံးသားတစ်ခုလုံး မောပန်းနေချိန်မှာ သူက သူ့အနာဂတ်အတွက် သူကိုယ်တိုင် ရွေးချယ်ထားတဲ့ အိမ်မက်နတ်သမီလေးအကြောင်းကို တွေးနေမလား….
ကျွန်မ မပေးနိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့ သူ့စိတ်တွေ ကြည်နူးနေမလား …..
ကျွန်မ မပေးနိုင်တဲ့ စိတ်ဓါတ်ခွန်အားတွေနဲ့ သူတစ်ယောက် တတ်ကြွနေလေမလား ….
ကျွန်မ မပေးနိုင်တဲ့ အိမ်မက်တွေနဲ့ သူတစ်ယောက် မျှော်လင့်ချက်တွေ ပြည့်ဝနေမလား …..
အဲဒီလို ကျွန်မ မဟုတ်တဲ့ မိန်းကလေးတစ်ယောက်ဆီ စိတ်တွေ အပိုင်စားပေးထားတဲ့ သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်မ ခုလို တခုတ်တရ ရေးသင့်ပါရဲ့လား….။
ကျွန်မ မပေးနိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့ သူ့စိတ်တွေ ကြည်နူးနေမလား …..
ကျွန်မ မပေးနိုင်တဲ့ စိတ်ဓါတ်ခွန်အားတွေနဲ့ သူတစ်ယောက် တတ်ကြွနေလေမလား ….
ကျွန်မ မပေးနိုင်တဲ့ အိမ်မက်တွေနဲ့ သူတစ်ယောက် မျှော်လင့်ချက်တွေ ပြည့်ဝနေမလား …..
အဲဒီလို ကျွန်မ မဟုတ်တဲ့ မိန်းကလေးတစ်ယောက်ဆီ စိတ်တွေ အပိုင်စားပေးထားတဲ့ သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်မ ခုလို တခုတ်တရ ရေးသင့်ပါရဲ့လား….။
ကျွန်မ ……
ခုချိန်မှာ ကျွန်မ သူနဲ့ပတ်သက်တဲ့ ဘာကိုမှ မတွေးချင်တော့ပါဘူး …. သူနဲ့ပတ်သက်ပြီး ဘာကိုမှ မတွေးတော့ဘူး လို့ စိတ်ကူးလိုက်တဲ့ တခဏမှာ ခံစားချက်ဆိုတာ ဆိတ်သုဉ်းသွားပါတယ်…. . ဒီတိုင်းလေးပဲ ငြိမ်ငြိမ်သက်သက်လေး နေချင်နေမိတယ်…. စိတ်ကို ဘာဆို ဘာမှ အရောင်မဆိုးဘဲ ဒီတိုင်းလေး ငြိမ်ငြိမ်လေး ၊ ငြိမ်ငြိမ်လေးပဲ နေလိုက်ချင်တော့တယ်…. ။
မိုးထက်အိမ်


KST (45) TH
သံလုံငယ်
ကြယ်စင်မင်း
Mystery Zillion

မေကျော်ရေ အမှန်တွေလားဟင်
@မကေ
ဟာ ဟာ … အဲလိုကြီးမေးတယ်…. ဘယ်လိုဖြေရပါ့ … ထည့်ထားတဲ့ category ကိုသာ ကြည့်တော်မူလို့ ဖြေရမယ် ထင်တာပါ့…
မေးစေချင်လို့ ရေးတာလို့ ထင်လို့ဖြစ်မယ်ထင်ပါတယ်
@လူပျိုကြီး
မေးစေချင်လို့ မဟုတ်ဘူးဗျ… သိစေချင်လို့ …. ခွိခွိခွိ
မေကျော်ရေ..မေတ္တာနဲ့ပဲ ဆက်ချစ်လိုက်ပါကွယ်..။
ခင်မင်လေးစားစွာဖြင့်
ငါ့သူငယ်ချင်းလေး ဒီ လို စိတ် နှလုံး ပင်ပန်းမှုမှဝေးပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန်ချစ် တဲ့ ချစ်ခြင်းမျိုး နှင့် အမြန်ဆုံးဖူးစာဆုံရပါစေ လို့ ရင်ထဲက ဆုတောင်းပေးလိုက်ပါတယ်.
@မြတ်မွန်
မေတ္တာမပျက် ဆက်ချစ်လျက်ပါ မမမွန်ရေ…
@ကြယ်တံခွန်
ဟီး… ဒါမျိုးက အကျိုးအကြောင်း တိုက်ဆိုင်မှ ပြည့်တာဟ…
ဘီလိုပြောရပါ့..
ကိုယ်ချစ်တဲ့သူက ပြန်ချစ်တာကိုခံရတဲ့သူဖြစ်ပါစေ…
တစ်ဖက်သတ်အချစ်ဟာ စိတ်ပင်ပန်းလွန်းစေတယ်နော်.. ဘာမှမမျှော်လင့်ဘဲ ချစ်နိုင်ရင်တော့ ကောင်းပါတယ်… မဟုတ်ရင် ပူလောင်ရလွန်းလို့ပါ..
ဒီနေ့တင်တဲ့ပိုစ့်အသစ်မှာ မမေကျော်နံမည်ပါပါတယ်.. အပျော်သဘောနဲ့ နောက်တားတာပါ… လာဖတ်ကြည့်ပြီး ခွင့်လွှတ်ပါ….လင်ခ့်ချိတ်သွားတယ်.. mylovacafe ယူဇာချင်းမို့ ပိုခင်မင်ရင်းနှီးချင်ပါတယ်….
အဟမ်း။…ဟမ်း..ချောင်းက ဆိုးချင်လာတယ်ကွာ
အဟမ်း..ရင်တွင်းကလာတဲ့ ချောင်းဆိုးသံပါဗျာ
မယုံရင် ကဏ္ဍကိုသာကြည့်ပါတော့..အဟမ်းး..ဒီချောင်းနှယ်..ဆိုးပဲနိင်လွန်းတယ်
အဟမ်း….
မေကျော်ရေ.. ဘာတွေများ ဖြစ်နေသလဲဗျ…
ဒီအတိုင်းလေးပဲ နေလိုက်ပါ…
တချိန်ချိန်တော့ သူသိလာမှာပါ…
တချို့အရာတွေက နှိုင်းယှဉ်မှု ချိန်ခွင်မှာ အချိန်ခံရမှ ဘယ်သူသာလဲဆိုတာ သိလာမှာပါ…
ခင်မင်စွာဖြင့်
မေတ္တာထားကြည့်လိုက်ပါကွယ်။ မေတ္တာကသာ အေးမြတာပါ။
ဘယ်လိုပြောရမလဲ???????????????
လက်လျှော့လိုက်ပါတော့
နှမတော်လေးရယ်
စကတည်းက …
ဘာမှ မတွေးချင်ဘူး ဆိုပြီး တောက်လျှောက်ကြီး
ပြောပြလို့လည်း ရသေးသကိုး
သူ့အတွက် အကြင်နာနှင်းတွေဝေတော့ သူကပြောတယ် ချမ်းတယ် တဲ့…
သူအချမ်းပြေ ကျနော့်အချစ်တွေ နေခြည်ခြွေတော့ သူကပြောတယ် အိုက်တယ် တဲ့ … သူ့ရင်ခွင်အေးမြစေဖို့ ကျနော် မေတ္တာမိုးတွေစွေတော့ သူကပြောတယ် စိတ်ရှုပ်တယ် တဲ့ … ဒီကောင်လေးက ကျနော် သုံးရာသီလုံး ချစ်နေတာကို သိလျက်နဲ့ လျစ်လျူရှုနိုင်တာ ဘာ့ကြောင့်ပါလိမ့် …
မေကျော်ရေ…
ချစ်ခြင်း..မချစ်ခြင်းကို ပိုင်ဆိုင်ခြင်း..မပိုင်ဆိုင်ခြင်းနဲ့ တိုင်းတာလို့မရပါဘူး…. ရင်ထဲမှာမြတ်နိုးစွာ.. ထာဝရရှိနေခြင်းက. အဓိကပါ……..
မေကျော်ချစ်တဲ့သူနဲ့ မေကျော့်ကိုချစ်သောသူ တစ်ထပ်တည်းကျပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ…