Author Archive

ဆုတောင်း

*ငွေကြယ်ပွင့်တွေ ကြွေကာမှ သူ သတိရသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ဥသြငယ်တွေ တွန်သံသာမှ သူ လွမ်းသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ရွှေမိုးတိမ်တွေ ညို့မှိုင်းကာမှ သူ အောက်မေ့သလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *နှင်းမြူတွေ ဆိုင်းကာမှ သူ တမ်းတသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ပျံသန်းစဉ် ခရီးတစ်လျှောက် လိုအင်ဆန္ဒတွေ တတ်စွမ်းသလောက် ဖြည့်ဆည်းလို့ သူ တစ်ယောက် အတောင်ညောင်းလာတဲ့အချိန်မှာ နားခိုစရာ ရင်ခွင်တစ်ခု ပေးနိုင်သော ကျွန်မသာ ဖြစ်လိုသည်…။ *** ကို zox ရဲ့ တဂ်ပို့စ်ပါ…. မူရင်းကဗျာနဲ့ ဆိုလိုရင်း လုံးဝကွဲသွားတာကို ခွင့်လွှတ်ပေးပါလို့ ပြောရင်း….း) [ READ MORE ]

သို့သော်

(၁) ဗင်ဂိုးရေးဆွဲသည့် ကြယ်တွေ စုံတဲ့ညပန်းချီကားဖြင့် မျက်နှာဖုံး အလှဆင်ထားသော စာအုပ်တစ်အုပ်၏ ညို့ငင်မှုအောက်တွင် မျက်ဝန်းတစ်စုံ အငိုက်မိစွာ ကျဆုံးသွားသည် … ကျဆုံးသွားသော မျက်ဝန်းရှင်၏ လက်အစုံက ထိုစာအုပ်ကို ခပ်သွက်သွက် လှမ်းယူလိုက်သည် … မျက်ဝန်းရှင် လူငယ်သည် စာအုပ်ကို (၅) မိနစ်ခန့် စိတ်ဝင်တစား မြည်းစမ်းပြီးနောက် ပိတ်လိုက်သည် … စာအုပ်နောက်ကျောတွင် ကပ်ထားသည့် ဈေးနှုန်းပမာဏက သူ့မျက်ခုံးတစ်စုံကို မှုန်ကုပ်ကုပ်ဖြစ်သွားစေသည် … ထို့နောက် စာအုပ်ကို နေရာတကျ ပြန်ထား၍ ဆိုင်အတွင်းမှ ထွက်သွားသည် … ။ (၂) နောက်တစ်နေ့တွင်လည်း ထိုလူငယ်လေး စာအုပ်ဆိုင်သို့ ရောက်လာပြန်သည် … လိုအပ်သည့် တခြားစာအုပ်များဝယ်ယူအပြီး ကြယ်တွေစုံတဲ့ည မျက်နှာဖုံးစာအုပ်လေးဆီသို့ သံယောဇဉ် မပြတ်စွာ လှမ်းသွားလိုက်သည် … စာအုပ်ကို စူးစူးစိုက်စိုက် [ READ MORE ]

ရောဂါ

ခဲတံ .. ဟောတော် ခဲတံက မေ့နေခဲ့ပြန်ပြီ…. အဲလို ကိုယ်သုံးနေကျ ပစ္စည်းတစ်ခုခု ပါမလာဘူး ၊ မေ့ကျန်ခဲ့တယ်ဆိုရင် စိတ်ထဲမှာ ခိုးလိုးခုလုနဲ့ ဘာဖြစ်မှန်းမသိဘူး … ဘာဖြစ်လို့များ မေ့ကျန်ခဲ့ပါလိမ့် … ဒီလောက်တောင်ပဲ ပေါ့ဆရသလား … သေသေချာချာကို ထည့်ဖို့ ထုတ်လိုက်ပါတယ် … ခုတော့ မှတ်မှတ်ရရကို မေ့ကျန်ခဲ့ပြီ …. စသည် စသည် တွေးရင်း စိတ်ထဲ ဘဝမကျနိုင်ဘူး … အမှန်တော့ ရောဂါပဲနော်… ခဲတံ မပါလည်း ဘောပင်နဲ့ ရေးလိုက်ပေါ့ … အဲဒါကို ဘောပင်ကိုင်လိုက်တိုင်း ခဲတံဆီ စိတ်ရောက်သွားပြီး ဘာဖြစ်လို့များ မေ့ကျန်ခဲ့ရပါလိမ့်နဲ့ တစ်ကျော့ပြန်တွေးမိပြန်ရော …. ခုကို ခဲတံမေ့ခဲ့တာကို စိတ်ထဲက မထုတ်နိုင်လို့ စာရေးမိပြီ [ READ MORE ]

နောက်ဆုံး သို့မဟုတ် ပထမဆုံး

သူနဲ့ပတ်သက်ပြီး ဘာကိုမှ မတွေးတော့ဘူး လို့ စိတ်ကူးလိုက်တဲ့ တခဏမှာ ခံစားချက်ဆိုတာ ဆိတ်သုဉ်းသွားပါတယ်… ခံစားချက်ဆိတ်သုဉ်းနေတော့ ခါတိုင်းရေးနေကျ စာတိုပေစလေးတွေတောင် ရေးချင်စိတ်မရှိ ဖြစ်သွားပါတယ်… နောက်ပြီး ဘယ်လိုခံစားချက်နဲ့ ရေးထားတဲ့ စာကိုမှ မခံစားချင်တော့ဘူး …. ဒီတိုင်းလေးပဲ ငြိမ်ငြိမ်သက်သက်လေး နေချင်နေမိတယ်…. စိတ်ကို ဘာဆို ဘာမှ အရောင်မဆိုးချင်တော့ဘူး ….. ဒီတိုင်းလေး ငြိမ်ငြိမ်လေး….. ။ သူ ….. ကျွန်မရေးသမျှ စာတွေထဲက ၁၀ ပုဒ်မှာ ၉ ပုဒ်က သူ့တစ်ယောက်တည်းကိုပဲ ဦးတည်ရေးတဲ့ စာတွေပါ…. စာရေးချင်ပြီဆိုတဲ့ အခါတိုင်း သူ့ကို စိတ်ထဲ ထည့်လိုက်ရင် လက်က အလိုလို စာရေးမိသွားတာချည်းပဲ…. သူ ကျွန်မကို ဂရုစိုက်ရင် ဂရုစိုက်သလို ကြည်နူးတဲ့စာတွေ ရေးမိတယ်…. [ READ MORE ]

စဉ့်အိုး

ကျွန်တော်တို့ နှစ်ယောက်သား ပြောဆိုစရာ စကားမရှိသလို နှုတ်ဆိတ်နေမိကြ၏ ။ နေရောင်ခြည်သည် ပြတင်းပေါက်ဘောင် ထောင့်ချိုးပေါ်တွင် ကြောင်ပေါက်စလေးတစ်ကောင်လို နူးညံ့စွာ ခွေအိပ်နေ၏ ။ ပန်းပွင့်တွေက အပြာရောင် အိပ်မက်များကို မက်နေကြသည်။ ရင်အုပ်နီနီနှင့် ငှက်ကလေးများက အိမ်ခေါင်မိုး တံစက်မြိတ်စွန်းတွင် ငြိမ်သက်စွာ ခိုနားနေကြ၏ ။ အတန်ကြာမှ ကျွန်တော်က… ” ဒါဆို… ငါ တကယ်ချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ ပြောပြရမလား” ” ဟင့်အင်း… မပြောနဲ့” သူမက စုတ်တံကို အနီးရှိ ရေခွက်ထဲသို့ ပစ်ချလိုက်ရင်းက ကျွန်တော့်ကို လှည့်မကြည့်ဘဲ ချက်ချင်းဖြေသည်။ ကျွန်တော်က… ” အဲဒါဆို… နင်ပြောမှာလား” “ဟင့်အင်း” ကြည့်စမ်း… ခွေးစုတ်မ ။ အူသလို ကြောင်သလိုလို လုပ်နေပြန်ပြီ ။ ကျွန်တော် သူမ၏ နောက်ကျောဘက်မှ နေ၍ခါးဆစ်ရိုးသို့ ဖနောင့်ဖြင့် အားရပါးရ ဆောင့်ကန်ပစ်လိုက်ချင်စိတ်ပေါ်လာ၏ ။ [ READ MORE ]

ကဲ …… ဗျာ

ခုတလောဗျာ …. ဘာဖြစ်နေတယ် မသိဘူး … အားလုံးက လွှတ်တင်နေကြတာပဲ …. မနက်စောစောဗျာ ဂျီတော့ခ်လေးမှ ဖွင့်ကာစရှိသေးတယ် … လူကို လာပြောတယ် ဒီဘလော့ကစာတွေက ကိုယ်တိုင်ရေးတာလားတဲ့ … ယုံရမှာတော့ ခက်တတ်တတ်တဲ့ … အွန် … ယုံအောင် အိမ်မှာ အကြမ်းလျှောက်ခြစ်ထားတဲ့ စာရွက်တွေ ယူပြရမယ့်ကိန်းနော်… ခက်တော့ ခက်နေပြီ … ကျနော့် သူငယ်ချင်း အရင်းခေါက်ခေါက်တွေရေးတဲ့ စာတွေ ဖတ်ဖူးရင် ဘယ်လိုများနေမယ် မသိ…. သူတို့ စာတွေဆို မဂ္ဂဇင်းတွေမှာတောင် ပါတယ် … ကျနော်သာ အဲလို ရေးနိုင်စွမ်း မရှိလို့ ဒီလောက်လေးနဲ့တင် စိတ်ဖြေနေရတာ … အင်းပေါ့လေ … ကျနော့်ပုံကလည်း အဲလို စာတွေ ရေးမယ့်ပုံမှ [ READ MORE ]

အမေနေ့ ( ပြာသိုလပြည့်နေ့ ) အမှတ်တရ

အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့ဆိုတာ တခြားနေ့တွေနဲ့ မခြား တူတူပါပဲ…. ဒါပေမယ့် ဒီပြာသိုလပြည့်နေ့ကို အမေနေ့ဆိုပြီး သတ်မှတ်လိုက်တဲ့အခါ အမေ့ကို တခြားနေ့တွေထက် ပိုပြီး အလေးအနက် ပြုမိပါတယ်…. ကိုယ်တိုင်တင် မဟုတ်ဘဲ တခြား သတိမထားမိသူတွေကိုလည်း ပြောပြ သတိပေးဖြစ်ပါတယ် …. အမေနေ့မှာ အမေနဲ့ပတ်သက်ပြီး တစ်ခုခု ရေးချင်ပါတယ် …. ဒါပေမယ့် ရေးနိုင်စွမ်းမရှိလို့ အမေနဲ့ ပတ်သက်ပြီး စုလို့ရသမျှ သီချင်းလေးတွေကိုပဲ အမှတ်တရအဖြစ် တင်လိုက်တာပါ…. ၁)   ကောင်းကင်မေမေ ၂)   အမေ့ရဲ့ ဆန္ဒ ၃)   မြင့်မိုရ်ထက်မြင့်သော ၄) [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.