Archive for the ‘ ကဗျာ ’ Category

ဆုတောင်း

*ငွေကြယ်ပွင့်တွေ ကြွေကာမှ သူ သတိရသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ဥသြငယ်တွေ တွန်သံသာမှ သူ လွမ်းသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ရွှေမိုးတိမ်တွေ ညို့မှိုင်းကာမှ သူ အောက်မေ့သလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *နှင်းမြူတွေ ဆိုင်းကာမှ သူ တမ်းတသလိုလိုရှိမယ့် ကျွန်မ မဖြစ်လို…။ *ပျံသန်းစဉ် ခရီးတစ်လျှောက် လိုအင်ဆန္ဒတွေ တတ်စွမ်းသလောက် ဖြည့်ဆည်းလို့ သူ တစ်ယောက် အတောင်ညောင်းလာတဲ့အချိန်မှာ နားခိုစရာ ရင်ခွင်တစ်ခု ပေးနိုင်သော ကျွန်မသာ ဖြစ်လိုသည်…။ *** ကို zox ရဲ့ တဂ်ပို့စ်ပါ…. မူရင်းကဗျာနဲ့ ဆိုလိုရင်း လုံးဝကွဲသွားတာကို ခွင့်လွှတ်ပေးပါလို့ ပြောရင်း….း) [ READ MORE ]

သည်းခံခြင်းရေချိန်အမှတ် Minus

*တူတူလျှောက်ဖို့ ငါ ခင်းတဲ့ဒီလမ်း နင် မလှမ်းလို့လည်း ရက်စက်တယ်လို့ သမုတ် စွပ်စွဲမယ့် လူမဟုတ်ဘူး ချစ်သူ နင် စိတ်ချမ်းသာသလို နေပါစေ …..။ *တူတူလျှောက်ဖို့ တွဲခေါ်တဲ့ ဒီလက် နင် ဖြုတ်ချပစ်ခဲ့လည်း လုက်ရက်တယ်လို့ မငြူစူ နင် ပျော်ဖို့သာ ရှေးရှုမှာပါလေ …. ။ *အများတကာလို နင် မသိတဲ့ ငါ့ချစ်ခြင်းလို့ ညည်းစရာမလို နင် အလိုလို သိနေခြင်းနဲ့ကို ပြီးပြည့်စုံခြင်းဆိုပြီး ရူး စိတ်ကြည်နူးနေမယ့် လူပါလေ … ။ *လွတ်လပ်စွာ လျှောက်လှမ်းခွင့် လွတ်လပ်စွာ ပျံသန်းခွင့် လွတ်လပ်စွာ တွေးခေါ်ခွင့် လွတ်လပ်စွာ လွင့်မျောခွင့် လွတ်လပ်စွာ … လွတ်လပ်စွာ … လွတ်လပ်စွာ …        .        .        . လွတ်လပ်စွာ ချစ်ခွင့်ဆိုတာတွေကြားမှာ နင်တစ်ယောက် လွတ်လပ်စွာနဲ့ တခြားတစ်ယောက်ကို ရင်တွေခုန်နေတာ သိနေပြန်တော့…..။ *တိတ်တဆိတ်ပဲ ငါ့နှလုံးသားကို ရာဇသံပေးလိုက်တယ် ” နင် ငြိမ်ငြိမ်နေ …. ! [ READ MORE ]

စိတ်ကူး သုံ့ပန်း

*ခရီးတွေ မိုင်တွေ ဖြစ်နိုင်ရင် မပြောချင်ဘူး နင်နဲ့ငါ့ကြား ခြားနေတဲ့ အကွာအဝေး မှန်းလိုက်ရင် လွဲချည်းနေလို့…။ *ဘောင်တွေ အနားသတ်တွေ ဖြစ်နိုင်ရင် မရှိစေချင်ဘူး နင်နဲ့င့ါကြားက ခြားထားတဲ့ အဖြူရောင်မြစ် တံတားအဖြစ် အသွင်ပြောင်းချင်လို့….။ *သ၀န်တိုတာတွေ ၊ ချုပ်ချယ်တာတွေ ဖြစ်နိုင်ရင် မကြားဖူးချင်ဘူး နင်နဲ့င့ါကြား ဘယ်လိုအကြောင်းပြချက်နဲ့မှ ဒီစကားလုံးတွေ သုံးခွင့်မရှိလို့….။ *တူညီမှု ၊ တိုက်ဆိုင်မှု ဖြစ်နိုင်ရင် သိကို မသိချင်ဘူး နင်နဲ့င့ါကြား ခြားတာတွေ အများသားမို့ နားလည်မှုဆိုတာတွေချည်း သုံးနေရလို့….။ *ကဲ တွေးနေတာ ကြာပါတယ် နင်သိအောင် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် နင့် ကို …. ငါ …. ချစ် တယ်….။ *အဟား … ဒါတွေက စိတ်ကူးတွေပါ တကယ့်လက်တွေ့မှာ ခပ်တိုးတိုးကြုံးဝါး ယောက်ျားလေးဖြစ်ရင် ကောင်းသား…။ မိုးထက်အိမ်Nov 25, 2009 1:22am [ READ MORE ]

မသည်းပါနဲ့ ဒီမိုး

*အိပ်မက်တစ်ခု မက်ခဲ့ဖူးတယ် .. အဲဒီအိပ်မက်ကို မျှော်လင့်ခဲ့ဖူးတယ် … ယုံကြည်ခဲ့ဖူးတယ် … အဲဒီအိပ်မက်နဲ့အတူ စီးမျောခဲ့ဖူးတယ် … ရှင်သန်ခဲ့ဖူးတယ် … ခုအဲဒီအိပ်မက်ကနေ နိုးထခဲ့ပြီ…. တကယ်တော့ အိပ်မက်ဟာ အိပ်မက်ပါပဲ… *အတိတ်တွေ ခမ်းနားလွန်းခဲ့သလား… မင်းလက်ကို ဆုပ်ကိုင်ဖို့ အနာဂတ်အတွက် ငါ စိတ်ကူးတွေ ယဉ်ခဲ့ဖူးတယ်… တကယ်တော့ စိတ်ကူးဟာ စိတ်ကူးပါပဲ… *အဖြူရောင်ပါလို့ ငါ မညာချင်ဘူး သူငယ်ချင်းပါလို့ နင် မပြောဘူး… ဒါပေမယ့် သူငယ်ချင်းဟာ သူငယ်ချင်းပါပဲ….. *နိုဝင်ဘာမိုး တိုးတိတ်လွန်းခဲ့သတဲ့လား…. င့ါရင်ထဲက နှလုံးသားကန်ဘောင် ပြိုကျပျက်သုဉ်းခဲ့တာ ၂၀၁၀ မေဆို ၃ နှစ်ပြည့်ပြီပေါ့…..။ မိုးထက်အိမ်Nov 21,20091:26pm [ READ MORE ]

တူ နှင့် ပေ

တူ နှင့် ပေ တို့ဘ၀တွင် ပေဖြစ်စဉ်က သင်ထုရိုက်နှက် တူရိုက်ချက်သည် ရက်စက် ကမ်းကုန် ငရဲပြည်….။ လောကတလှည့် ပြောင်းလဲဘိ၍ သင့်အလှည့်ကျ ပေဘ၀တွင် တို့နိုင်သူ အားမာန်ယူ၍ တူကို အဝေး ပစ်လိုက်၏….။ (ဒေါက်တာ ထီလာစစ်သူ) မွေးနေ့မှာ ဘလော့ကို လည်လည်လာတဲ့ မိတ်သဟာတွေကို အမှတ်တရ ဘာပြန်ပေးရမလဲ လို့ စဉ်းစားလိုက်တော့ ရုတ်တရက် ထွက်မလာဘူး …. နောက် ဟိုစာအုပ်လှန် ၊ ဒီစာအုပ်လှန်ကြည့်နဲ့ ကိုယ်နှစ်သက်တဲ့ စာတွေကူးမှတ်ထားတဲ့ စာအုပ်လေးကို လှန်လှောရင်း ဒီကဗျာလေးကို တွေ့တာနဲ့ အမှတ်တရ လက်ဆောင်ပြန်ပေးရင် ကောင်းမယ်လို့ တွေးမိတာကြောင့် တင်ပေးလိုက်တာပါ … တော်တော်များများ ကြားဖူးပြီးသား ဖြစ်နိုင်ပါတယ် … ဒါပေမယ့် ဘယ်နှစ်ခါ ဖတ်ဖတ် မရိုးတဲ့အပြင် စိတ်လေးထားတတ်အောင်ပါ သင်ပေးတဲ့ ကဗျာလေးတစ်ပုဒ်မို့ လက်ဆောင်ပေးဖို့ ရွေးချယ်မိတာပါ … You are either [ READ MORE ]

သိလိုလှသည်

*ချစ်တယ် သက်ထား သင် ခြွေထားသော စကား အလှ နုရွရွကို တခုတ်တရ ကျွန်မြတ်နိုး၍ သိမ်းပါမည်…..။ *နဖူးပြင်ထက် သင် ခြွေထားခဲ့ အနမ်းဖွဖွ နုရွရွကို တခုတ်တရ ကျွန်မြတ်နိုး၍ သိမ်းပါမည်…..။ *ခွင့်လွှတ်ချစ်ဖြင့် ပြီးပြည့်လျှံသော နူးညံ့ချိုသည့် ဤမျက်ဝန်းရှင် ကျွန့်သခင်ကို တခုတ်တရ ကျွန်မြတ်နိုး၍ သိမ်းပါမည်….။ *ရှေးကုသိုလ်ကံ အကြောင်းဖန်လျက် ကြုံဆုံလာရ ဤယောကျာ်းအား အားကိုးတစ်ဝက် မေတ္တာသက်ဖြင့် တခုတ်တရ ကျွန်မြတ်နိုး၍ သိမ်းပါမည်…..။ *လှစ်ဟဖော်ကြား ဤမိန်းမသား ကျွန့်စိတ်ထားကို သခင်ကြားသော် ၀မ်းနည်းမည်လား ဆွေးမည်လား…..။ မိုးထက်အိမ်Oct 22,200910:00am [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.