Archive for the ‘ ကိုယ့်အကြောင်း ’ Category

ရောဂါ

ခဲတံ .. ဟောတော် ခဲတံက မေ့နေခဲ့ပြန်ပြီ…. အဲလို ကိုယ်သုံးနေကျ ပစ္စည်းတစ်ခုခု ပါမလာဘူး ၊ မေ့ကျန်ခဲ့တယ်ဆိုရင် စိတ်ထဲမှာ ခိုးလိုးခုလုနဲ့ ဘာဖြစ်မှန်းမသိဘူး … ဘာဖြစ်လို့များ မေ့ကျန်ခဲ့ပါလိမ့် … ဒီလောက်တောင်ပဲ ပေါ့ဆရသလား … သေသေချာချာကို ထည့်ဖို့ ထုတ်လိုက်ပါတယ် … ခုတော့ မှတ်မှတ်ရရကို မေ့ကျန်ခဲ့ပြီ …. စသည် စသည် တွေးရင်း စိတ်ထဲ ဘဝမကျနိုင်ဘူး … အမှန်တော့ ရောဂါပဲနော်… ခဲတံ မပါလည်း ဘောပင်နဲ့ ရေးလိုက်ပေါ့ … အဲဒါကို ဘောပင်ကိုင်လိုက်တိုင်း ခဲတံဆီ စိတ်ရောက်သွားပြီး ဘာဖြစ်လို့များ မေ့ကျန်ခဲ့ရပါလိမ့်နဲ့ တစ်ကျော့ပြန်တွေးမိပြန်ရော …. ခုကို ခဲတံမေ့ခဲ့တာကို စိတ်ထဲက မထုတ်နိုင်လို့ စာရေးမိပြီ [ READ MORE ]

ဖြူလေးလွမ်းခိုင်းတဲ့ ကလေးသမိုင်း

     မနေ့က ရုံးပိတ်ရက်ဆိုတော့ အိမ်မှာ လိုအပ်တာလေးတွေဝယ်ဖို့ အမေနဲ့တူတူ မြို့မဈေးဘက်က ယဉ်ယဉ်စတိုးကို လိုက်သွားလိုက်တယ် …. ကိုယ်ဖို့လည်း လိုတာလေးတွေရှိရင် ညာတာပါတေးနဲ့ အမေ့ကိုဝယ်ခိုင်းဖို့ပေါ့… ပြောရရင်လည်း ရှက်ဖို့ကောင်းပါတယ် …. အသက်သာ နှစ်ဆယ်ကျော်ပြီးလို့ လေးနှစ်ကြီးများတောင်ပြည့်ပြီးသွားတာ ခုထိ အဖေနဲ့ အမေ့ကို ဒုက္ခပေးလို့ ၀သေးတာ မဟုတ်ဘူး …. ဒါနဲ့တောင် သမီးပုခုံးက ကောင်းပါတယ်အမေရဲ့ ဆိုပြီး အမေတို့ စိတ်ချမ်းသာအောင် ရွှီးတတ်သေးတာ…. မိဘဆိုတော့ ကိုယ့်သားသမီး ရွှီးနေတာလား တကယ်လား သိတာပေါ့လေ … ဒါပေမယ့် နားထောင်ကောင်းတော့ ခပ်ပြုံးပြုံးပဲပေါ့ …. ကိုယ့်ကိုယ်ကိုလည်း နည်းနည်းပါးပါးတော့ သိပါတယ် … အသုံးမကျဘူးဆိုတာ… ဒါပေမယ့် ကိုယ့်ထက်ဆိုးတဲ့လူတွေ တပုံကြီးပါလေဆိုပြီး ရင့်ကျက်မလာတဲ့ ဖြေတွေးလေးနဲ့နေနေရတာပဲ … ခုလည်း [ READ MORE ]

ကျွန်မနှင့် အိမ်ထောင်ရေး

တဂ်တဲ့သူကလည်း မညှာမတာပါပဲ…. ကျွန်မနှင့် အိမ်ထောင်ရေးကို ရေးပေးပါတဲ့…. ချစ်ခြင်းကိုတောင် ခုမှ နားလည်သလိုလို မလည်သလိုလို သေချာအောင် လုပ်နေရတဲ့လူကို အိမ်ထောင်ရေးအကြောင်းရေးခိုင်းတော့ နည်းနည်းမဟုတ်ဘူး ၊ တော်တော်ကို အကြပ်ရိုက်ပါတယ်….အဲဒါနဲ့ တဂ်ထားတဲ့လူကလည်း ခုတလော ဘယ်ရောက်နေလဲလည်း မသိဖြစ်နေတာရယ် ၊ ရေးလို့မရနေတာရယ်နဲ့ ပေါင်းပြီးပစ်ထားလိုက်တာ တော်တော်ကြာသွားတယ်…. ခုတော့ ကြိုးစားပြီး ရေးလိုက်ပါတယ်…. အိမ်ထောင်ရေးဆိုတဲ့ စကားလုံးကြီးက တကယ်တမ်း ကျွန်မနဲ့ ဘာမှ မသက်ဆိုင်တဲ့ တစိမ်းတရံစာပါ…. အိမ်ထောင်ရေး ဆိုတာကို ကြားလိုက်မိတိုင်း ကျွန်မစဉ်းစားမိတာက ဘာ့ကြောင့် အိမ်ထောင်ပြုဖြစ်သလဲ ဆိုတာပါပဲ…. ကျွန်မအတွက် အဖြေတကယ်မရှိတဲ့ မေးခွန်းပါ…. အဲဒါနဲ့ နီးစပ်တဲ့ လူတွေကို မေးကြည့်မိတယ်…. ဘာလို့ အိမ်ထောင်ပြုတာလဲ… အော် ရှင်းနေတာပဲ ချစ်လို့ပေါ့ ၊ လူသားတာဝန် [ READ MORE ]

Make me happy

“ပျော်ရွှင်ခြင်း ၊ ပျော်ရွှင်ခြင်း”      ပေါ့ပါးသလောက် အရမ်းတာသွားတဲ့ စကားလုံးလေး …. ပျော်ရွှင်ခြင်းကို ခံစားမိတဲ့အချိန်မှာ ဘ၀ဟာ အဓိပ္ပါယ်တွေပဲပိုရှိသလိုလို….. လူတစ်ယောက်ကို ပျော်ရွှင်စေတဲ့ အရာဟာ ဘွဲ့ ၊ ဂုဏ် ၊ ရာထူး စတဲ့ ကြီးမြတ်ထည်ဝါတဲ့ အရာတွေ ဖြစ်ကောင်းဖြစ်မယ်…. ဒါမှမဟုတ် မိုးရေထဲ လမ်းထွက်လျှောက်ရတာလိုမျိုး ၊ ကိုယ်ဝါသနာပါတဲ့ ဂစ်တာ တီးရတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ် …. ဘယ်လိုပဲ ဖြစ်ဖြစ် လူတစ်ယောက်ကို ပျော်ရွှင်စေနိုင်တာခြင်းတော့ တူတူပါပဲ…..။      ကျွန်မကို ပျော်ရွှင်စေသော အရာတွေ အကြောင်း ရေးမယ်လို့ စဉ်းစားလိုက်တော့ ပထမဆုံးခေါင်းထဲရောက်လာတာက အဖေနဲ့ အတူ လ္ဘက်ရည်ဆိုင် ထိုင်ရတာလေးပေါ့…. အဖေနဲ့ အတူ လ္ဘက်ရည်ဆိုင် ထိုင်ရတာ ကျွန်မ တကယ်ပျော်ပါတယ်…. ခြေခင်း [ READ MORE ]

ကျွန်မ ရှင်သန်ရာ အွန်လိုင်းစာပေလောက

အမှန်အတိုင်းပြောရရင် စာဆိုတာ ဖတ်ရကောင်းမှန်း ကျွန်မ မသိပါဘူး… ဖတ်ရကောင်းမှန်းတောင် မသိတာ ရေးရကောင်းမှန်း သိဖို့ ၊ ရေးတတ်ဖို့ ဆိုတာအဝေးကြီးမှာပါ… အဲလို အခြေအနေမျိုးနဲ့ ကျွန်မကို စာဖတ်တတ်ဖို့ အစဖော်ပေးခဲ့သူကတော့ ကျွန်မ အဘိုးပါ…ကျွန်မ ၃ ၊ ၄ တန်းအရွယ်လောက်က နွေရာသီကျောင်းပိတ်ရက် ရောက်ပြီဆိုရင် မိဘတွေက ဘိုးဘွားတွေ ရှိတဲ့ ရေစကြိုမြို့ကို ပို့ပေးထားပါတယ်… အဲဒီရေစကြိုအိမ်မှာ ကျွန်မကလွဲရင် အားလုံးက လူကြီးတွေချည်းပါပဲ … အဲဒီတော့ အဘိုးက ကျွန်မ မပျင်းအောင် ဆိုပြီး ရွှေသွေး ၊ မိုးသောက်ပန်း ၊ မင်္ဂလာမောင်မယ်နဲ့ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်ကာတွန်း စာအုပ်လေးတွေ ဖတ်ဖို့ပေးပါတယ်… ကစားဖော်မရှိတဲ့ ကျွန်မအတွက် အဘိုးပေးတဲ့ စာအုပ်တွေက နွေရာသီ ၃ လအတွင်း [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.