Archive for the ‘ ညီမလေး ’ Category

အလတ်မ

လစာထုတ်ရက်နီးလာရင် လခများများစားစားမရပေမယ့် ချစ်ရတဲ့ မိသားစုလေးကို အနည်းနဲ့အများဆိုသလို လက်ဆောင်လေးတွေဝယ်ပေးနေကျမို့ ဒီလအတွက်ဘာလိုချင်လဲ လို့ အဖေရယ် ၊ အမေရယ် နဲ့ ကလေးတွေလို့ ချစ်စနိုးခေါ်ရတဲ့ ညီမလေးနှစ်ယောက်ရယ် ကို မေးလိုက်မိပါတယ် …. ဒါပေမယ့် ညီမအလတ်ကို တော့ ဘာလိုချင်လဲ လို့ မေးခဲသလို ၀ယ်လည်း ၀ယ်ပေးခဲပါတယ် .. ဘာလို့လဲဆိုတော့ သူက ကျွန်မထက်ပိုပြီး ပစ္စည်းတွေကို ၀ယ်တတ်တဲ့ အပြင် သူ့ဟာနဲ့သူ စုစုဆောင်းဆောင်းလေးလည်း ၀ယ်တတ်လို့ပါပဲ… ။ `ငါ့ ဆိုရင် အမြဲ ခွဲခြားခွဲခြားနဲ့… ကလေးတွေ ကလည်း ငါ့ ကို လိုမှ ပေါင်းတယ် ´ … တဲ့ ။ ကျွန်မညီမအလတ်မလေး ပြောနေကြစကားပါ …။ အဲလိုလေးပြောတော့လည်း ကျွန်မ တကယ်စိတ်မကောင်းပါဘူး…..။အင်းပေါ့လေ [ READ MORE ]

ကံကြမ္မာများ ကျီးစားလေသလား

“အုတ်ကျင်း ၊ အုတ်ကျင်း၊ အုတ်ကျင်း အဆင်းလေးတွေ ပြင်ထားမယ်”            ဆိုတဲ့ ကားစပါယ်ရာ အော်သံကြားတော့ ကျွန်မ အလန့်တကြား ပြူးပြဲ ထလိုက်မိသည်… သွားပြီ… ကျွန်မ ဆင်းရမှာက သံလမ်းမှတ်တိုင် … ခုဆို သံလမ်း၊ ဗာဒါ၊ အုတ်ကျင်း မှတ်တိုင် နှစ်ခုတောင် ကျော်ခဲ့ပြီ… သေပြီ… ဒီနေ့တော့ မင်နီ တားခံရပါပြီ…။ “သမီး ဒါလေးမှတ်ထားလိုက်”            လို့ မန်နေဂျာကလှမ်းပြောတော့ ဖုန်းခွက်အောက်ရောက်နေတဲ့ ဟိုဟိုဒီဒီ အလွယ်မှတ်တဲ့ စာအုပ်ကို လှမ်းဆွဲလိုက်သည်… “ဂွပ် ၊ ဂလွမ်” သွားပြီ … ဖုန်းခွက် အောက်ပြုတ်ကျသွားပြီ… မျက်မှောင်ကြုတ်ကြည့်နေတဲ့ ဆရာ့ကို မသိချင်ယောင်ဆောင်ပြီး ဖုန်းခွက်ကို ခပ်တည်တည်လေးပဲ ပြန်တင်ထားလိုက်သည်… သွေ့ပချီ…။ “သမီး ဒီ Customer ဆီ ဖုန်းဆက်လိုက်ပါဦး”            လို့ စီနီယာကပြောတော့ ကျွန်မ [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.