Archive for the ‘ ဖတ်မိ ကြိုက်မိသမျှ ’ Category

စဉ့်အိုး

ကျွန်တော်တို့ နှစ်ယောက်သား ပြောဆိုစရာ စကားမရှိသလို နှုတ်ဆိတ်နေမိကြ၏ ။ နေရောင်ခြည်သည် ပြတင်းပေါက်ဘောင် ထောင့်ချိုးပေါ်တွင် ကြောင်ပေါက်စလေးတစ်ကောင်လို နူးညံ့စွာ ခွေအိပ်နေ၏ ။ ပန်းပွင့်တွေက အပြာရောင် အိပ်မက်များကို မက်နေကြသည်။ ရင်အုပ်နီနီနှင့် ငှက်ကလေးများက အိမ်ခေါင်မိုး တံစက်မြိတ်စွန်းတွင် ငြိမ်သက်စွာ ခိုနားနေကြ၏ ။ အတန်ကြာမှ ကျွန်တော်က… ” ဒါဆို… ငါ တကယ်ချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ ပြောပြရမလား” ” ဟင့်အင်း… မပြောနဲ့” သူမက စုတ်တံကို အနီးရှိ ရေခွက်ထဲသို့ ပစ်ချလိုက်ရင်းက ကျွန်တော့်ကို လှည့်မကြည့်ဘဲ ချက်ချင်းဖြေသည်။ ကျွန်တော်က… ” အဲဒါဆို… နင်ပြောမှာလား” “ဟင့်အင်း” ကြည့်စမ်း… ခွေးစုတ်မ ။ အူသလို ကြောင်သလိုလို လုပ်နေပြန်ပြီ ။ ကျွန်တော် သူမ၏ နောက်ကျောဘက်မှ နေ၍ခါးဆစ်ရိုးသို့ ဖနောင့်ဖြင့် အားရပါးရ ဆောင့်ကန်ပစ်လိုက်ချင်စိတ်ပေါ်လာ၏ ။ [ READ MORE ]

ပခုက္ကူ ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံ

သားထုတ်ဂူ မှ ပခုက္ကူ အလောင်းစည်သူဘုရင်မင်းမြတ် သက္ကရာဇ် ( ၄၅၄ ) သည် ဖောင်စင်္ကြာနှင့် ဧရာဝတီမြစ်နဒီတွင် ခရီးလှည့်ခဲ့ဘူးသည်၊ မင်းမြတ်နှင့်တကွ မောင်းမမိဿံ အခြွေအရံများစွာ ပါဝင်သည်၊ ထို အခြွေအရံများအနက် ကိုယ်ဝန်ရှိနေသော မောင်းမတစ်ဦး( တနည်း မယ်စိမ့်ညို )သည် ပေါက်အင်းအနီး ဆိုက်ရောက်သည်တွင် တံငါလုလင်တို့ကိုမြင်၍ မိန်းမကောင်းတို့၏ ဣနြေ္န ကို ဖောက်ဖျက်လျက် နှစ်သက်သည့် အသွင်ဖြင့် ရယ်သွမ်း၏၊ ထိုအခြင်းအရာကို မြင်သော အလောင်းစည်သူသည် ဒေါသအမျက်ပွက်ဆူ၍ ကျိန်စင်္ကြာဖြင့် ရိုက်နှက်ရာ လက်လွန်ကာ အသက်ဆုံးရှုံး ကံကုန်ရှာလေသည်။ အလောင်းကို ဖောင်စင်္ကြာပေါ်တွင် ခွဲစေရာ သားသူငယ်အလောင်းကိုတွေ့၏။ ဘုရင်တို့ထုံးစံအတိုင်း ဖောင်တော်ဆိုက်ကပ်၍ ရွှေဂူဘုရား တည်မည့်နေရာတွင် အခမ်းအနားဖြင့် ဈာပနပွဲကျင်းပလျက် သားငယ်အလောင်းကို အုတ်ဂူပြုလုပ်၍ ထားခဲ့သည်။ သားကိုထုတ်၍ [ READ MORE ]

မိုးရေထဲဝယ် ကကြမယ်

အလုပ်ရှုပ်တဲ့တစ်မနက် ၊ (၈) နာရီခွဲလောက်မှာ အသက်ရှစ်ဆယ်ကျော် အဘိုးအိုတစ်ယောက် သူ့လက်မက ချုပ်ရိုးဖြည်ဖို့ ရောက်လာတယ်။ ၉း၀၀ နာရီလောက်မှာ ချိန်းထားတာ တစ်ခုရှိလို့ အလျင်လိုနေကြောင်း ပြောတယ် ။ သူရဲ့ အရေးတကြီးဖြစ်နေတဲ့ အခြေအနေကိုကြည့်ပြီး ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်တယ် ။ တစ်ယောက်ယောက်က သူ့ကို မတွေ့ခင်အထိ တစ်နာရီကျော်လောက် ကြာမှာ သိနေတယ်။ သူ နာရီတကြည့်ကြည့်ဖြစ်နေတာကိုမြင်ပြီး င့ါမှာလည်း နောက်လူနာ မရှိတော့တာမို့ သူ့အနာကို ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ စစ်ဆေးကြည့်ရာမှာ အနာက ကောင်းကောင်းကျက်နေပြီ။ ဒါနဲ့ ဆရာဝန်တစ်ယောက်ကိုခေါ် ၊ ချုပ်ရိုးဖြည်ဖို့ လိုတာတွေ ယူလာခိုင်းပြီး သူ့အနာကို ပြန်စည်းပေးလိုက်တယ် ။ သူ့အနာကို ဂရုတစိုက်လုပ်ပေးရင်း ဒီလောက်လောနေရအောင် တခြားဆရာဝန်တစ်ယောက်နဲ့ ချိနးထားတာများ ရှိနေသလားလို့ မေးကြည့်တယ်။ အဘိုးအိုက မရှိပါဘူးလို့ပြောတယ်။ ဘိုးဘွားရိပ်သာကိုသွားပြီး သူ့မိန်းမနဲ့ မနက်စာ [ READ MORE ]

တူ နှင့် ပေ

တူ နှင့် ပေ တို့ဘ၀တွင် ပေဖြစ်စဉ်က သင်ထုရိုက်နှက် တူရိုက်ချက်သည် ရက်စက် ကမ်းကုန် ငရဲပြည်….။ လောကတလှည့် ပြောင်းလဲဘိ၍ သင့်အလှည့်ကျ ပေဘ၀တွင် တို့နိုင်သူ အားမာန်ယူ၍ တူကို အဝေး ပစ်လိုက်၏….။ (ဒေါက်တာ ထီလာစစ်သူ) မွေးနေ့မှာ ဘလော့ကို လည်လည်လာတဲ့ မိတ်သဟာတွေကို အမှတ်တရ ဘာပြန်ပေးရမလဲ လို့ စဉ်းစားလိုက်တော့ ရုတ်တရက် ထွက်မလာဘူး …. နောက် ဟိုစာအုပ်လှန် ၊ ဒီစာအုပ်လှန်ကြည့်နဲ့ ကိုယ်နှစ်သက်တဲ့ စာတွေကူးမှတ်ထားတဲ့ စာအုပ်လေးကို လှန်လှောရင်း ဒီကဗျာလေးကို တွေ့တာနဲ့ အမှတ်တရ လက်ဆောင်ပြန်ပေးရင် ကောင်းမယ်လို့ တွေးမိတာကြောင့် တင်ပေးလိုက်တာပါ … တော်တော်များများ ကြားဖူးပြီးသား ဖြစ်နိုင်ပါတယ် … ဒါပေမယ့် ဘယ်နှစ်ခါ ဖတ်ဖတ် မရိုးတဲ့အပြင် စိတ်လေးထားတတ်အောင်ပါ သင်ပေးတဲ့ ကဗျာလေးတစ်ပုဒ်မို့ လက်ဆောင်ပေးဖို့ ရွေးချယ်မိတာပါ … You are either [ READ MORE ]

ပညာရပ် တစ်ခုအတွက် Self_Study

“ဆရာမ ဒီပုဒ်စာလေးဘယ်လိုတွက်ရမလဲဟင်” “ဟမ် နင်ဒါလေးတောင် မသိဘူးလား” “ဒေါက်” “ကဲ … ကျောက်သင်ပုန်း ပေါ်ကဟာလိုက်ကူး” “အဲ့ဒါကို အလွတ်ကျက်” “ဒါဆိုအောင်ပြီ” “ဂုဏ်ထူးထွက်ချင်ရင် ….. ” သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိ ဒါကျက်ရင် အောင်ပြီဆိုတဲ့ စိတ်နဲ့ ကြီးပြင်းလာခဲ့ရတော့ self-study ဆိုတာဘာမှန်းကိုမသိတော့တာ ပညာရပ်တစ်ခုကို လေ့လာတော့မယ်ဆိုရင် (ကျနော်ထင်တာပြောကြည့်မယ်နော်) ဆရာကောင်း – Self-study လို့ဆိုလိုက်တာနဲ့ ဆရာတွေရဲ့ အခန်းကဏ္ဍက ၁၀၀% အရေးပါပါတယ်။ ဆရာကောင်းနဲ့တွေ့ဖို့က အရေးအကြီးဆုံးပါပဲ။ အခြေခံကို ပိုင်နိုင်အောင်မသင်ပေးနိုင်ရင်တောင်မှ တီးမိခေါက်မိရုံလောက်တော့ သင်ပေးနိုင်ရပါမယ်။ အခြေခံလေးကို သဘောပေါက်ထားရင် နောက်ပိုင်းအားလုံးလွယ်ကူသွားပါပြီ။ Resourse တွေပြပေးနိုင်တဲ့ဆရာဖြစ်ရပါမယ် … ဘာလိုရင်ဘယ်မှာရှာ ဆိုတာမျိုးပေါ့။ အဲ့ဒါလေးတစ်ခုတော့ အရေးကြီးတယ်ထင်တာပဲ။ ဆရာကောင်းတွေ့ဖို့ဆိုတာတော့ ကိုယ့်ရဲ့ကံပေါ့။ အဲ့ဒါကြောင့် ရှေးလူကြီးတွေရေးခဲ့တဲ့ ဆုတောင်းစာတွေထဲမှာ ဆရာသမားကောင်းနှင့် ဆုံရပါလို၏ လို့ပါတာပေါ့။ ကိုယ်နကန်းတစ်လုံးမှ မသိတဲ့ နယ်ပယ်တစ်ခုကို Self-study [ READ MORE ]

စိတ်ချင်းအဖော်

အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ… ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ… ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ… ကိုယ့်ကို နားလည်တဲ့သူ… (နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊ အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။) ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ ၊ အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။ နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။ သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲ တော်လှပါပြီ ၊ အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။ စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။ [ READ MORE ]

ကျေးဇူးပြုပြီး င့ါကို လွမ်းပါကွယ်

နိုဝင်ဘာ (၁) ရက်နေ့ ကျမှ ဆောင်းဟာ ဘက်စ်ကားပေါ်က ဆင်းပြီး ရောက်လာသလိုမျိုး ရောက်ချလာတာပေါ့ ဟု ပြောခဲ့ဖူးသော မိန်းမတစ်ယောက်ကို လွမ်းသည် ။ သစ်ရွက်ခြောက်တွေ မီးရှို့သော ရနံ့ကိုလွမ်းသည် ။ အေးစိမ့်တဲ့ နှင်းငွေ့တွေကြားထဲမှာ ချစ်သူရဲ့ လက်ဖ၀ါးကို ကိုယ့်ပါးပြင်မှာ ကပ်ပြီး အနွေးငွေ့ပေးချင်တယ်ဟု (တစ်စုံတစ်ယောက်က) ရေးခဲ့ဖူးသော စာတစ်ပိုဒ်ကိုလွမ်းသည်။ ဆိတ်ဖလူးပန်းရနံ့တွေကို သယ်ဆောင်ယူငင်လာတတ်သော မြောက်ပြန်လေကိုလည်း လွမ်းသည် ။ သူ၏ သိုးမွေးဆွယ်တာ ဖြူဖြူလေးကိုလည်း လွမ်းပါသည် ။ သို့သော် ထိုအလွမ်းသည် ကျွန်တော် လွမ်းချင်နေသော အလွမ်းတွေလား ???? သူတစ်ပါးက ကျွန်တော့်ကို လွမ်းစေချင်နေသော အလွမ်းတွေလား??? ဆိုသည်ကိုတော့ သိပ်မသဲကွဲလှပါ ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့ကို (အခုလို အချိန်မျိုးတွင်) [ READ MORE ]

ချစ်သူ ခြေရင်းမှာ ၀ပ်ဆင်းခစားပါရစေသား

တစ်ခါတစ်ရံ လူတွေသည် အလွန်တရာအပြစ်တင်စောကြပါသည်။ ပုံပြင်ထဲမှာ တစ်နေ့တစ်လုံး ရွှေဥ ဥပေးနေသော ငန်းကိုသတ်ခဲ့သည် ငန်းပိုင်ရှင်ကို လောဘကြီးသည်ဟုစွပ်စွဲကြသည်။ တိုသို့စွပ်စွဲသူများကို တိရိ စ္ဆာန်တစ်ကောင်ကို မှီခိုပြီး တိရိစ္ဆာန်ကပေးသမျှနှင့် ရောင့်ရဲတင်းတိမ်နေကြသူများ၊ စူးစမ်းရှာဖွေလိုစိတ်မရှိသူများဟု ပြန်ပြီးစွပ်စွဲလျှင် သူတိုတွေဘယ်လိုပြန်ပြီးဖြေရှင်းကြပါမည်နည်း။ ကျွန်တော်ကတော့ ပုံပြင်ထဲမှ ငန်းပိုင်ရှင်ကို ချီးကျူးပါသည်။ သူ့စွန့်စားမှုမအောင်မြင်လျှင် သူ့ငန်းသေမည်ဆိုတာသိလျက်နှင့် စွန်စားခဲ့သည်။ တကယ်တမ်းကျကျွန်တော်သည် ပုံပြင်ထဲက ငန်းပိုင်ရှင်လောက် သတ္တိမရှိသေးပါ။ တစ်နေ့တစ်ကြိမ်ရနေသည့် ဖုန်းပြောခွင့်လေး ဆုံးရှုံးသွားမှာကို စိုးရိမ်စွာဖြင့် သူမကို ဖွင့်ပြောရန်တွန့်ဆုတ်နေခဲ့သည်။ ညိုမင်းလွင် ရေးတာပါ.. ဘယ်စာအုပ်ကဆိုတာကို မှတ်မထားမိလိုက်ဘူးဗျာ… [ READ MORE ]

ပန်းချီကားထဲက လူ

အောက်ကို ငုံ့ကြည့်နေတဲ့လူက ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့လျော့နေပုံရတယ် ။ ကျွန်တော်လည်း ငယ်ငယ်က ဒီလိုပဲ ကြည့်ဖုးတယ်။ ကျွန်တော် အဲဒီလို ငုံ့ကြည့်တာတွေကတော့ ငရဲပြည်ကို လိုက်ရှာတာပါ။ သူကရော ဘယ်လိုမျိုးများလဲ။ မနေနိုင် မထိုင်နိုင် ကျွန်တော်က လှမ်းဆွေးနွေးလိုက်တယ်။           ”ဟေ့ ခင်များ ဘာကို ကြည့်နေတာလဲ”           သူက ကျွန်တော့ကို လှည့်မကြည့်ဘဲ ပြန်ဖြေတယ် ။ ဖြေပုံကလည်း အကြမ်းဖျင်းဆန်လိုက်တာ။           ”အောက်ကို ကြည့်နေတာ”           ”အောက်က ဘာကို ကြည့်နေတာလဲ”           ”ရေကို ကြည့်နေတာ”           ”ရေထဲက ဘာကို ကြည့်နေတာလဲ”           ”ရေထဲက ကိုယ့်အရိပ် ကိုယ်ပြန်ကြည့်နေတာ”           ”ဟုတ်ပြီ…၊ ကိုယ့်ကိုယ်ကိုမှာ ခင်များ ဘာကို ပြန်ကြည့်နေတာလဲ”           ဖြေသံ မကြားရဘူး။ သူ့ဘက်က တိတ်ဆိတ်သွားတယ်။           လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်ကြည့်တတ်ဖို့တို့ ၊ ကိုယ့်ကိုယ်ကို ပြန်မြင်တတ်ဖို့တို့ အရမ်းအရေးကြီးတယ် မဟုတ်လား။           အခု သူကိုယ့်သူ ပြန်ကြည့်နေပြီဖြစ်တဲ့ ပန်းချီကားထဲကလူကို ကျွန်တော်လေးစားပါတယ်။ ဘာတွေ [ READ MORE ]

To My Someone

သူ့အတွက် အကြင်နာနှင်းတွေဝေတော့ သူကပြောတယ် ချမ်းတယ် တဲ့… သူအချမ်းပြေ ကျနော့်အချစ်တွေ နေခြည်ခြွေတော့ သူကပြောတယ် အိုက်တယ် တဲ့ … သူ့ရင်ခွင်အေးမြစေဖို့ ကျနော် မေတ္တာမိုးတွေစွေတော့ သူကပြောတယ် စိတ်ရှုပ်တယ် တဲ့ … ဒီကောင်စုတ်လေးက ကျနော် သုံရာသီလုံးချစ်နေတာကို သိရက်နဲ့ လျစ်လျူရှုနိုင်တာ ဘာ့ကြောင့်ပါလိမ့်….။ ။ ဒီကဗျာလေးကို အင်တာနက်စာမျက်နှာပေါ်က တွေ့တာပါ… ရေးတဲ့သူကိုတော့ ကျနော် မမှတ်မိတော့ဘူးဗျ.. ဒါပေမယ့် ကြိုက်လွန်းလို့ Gtalk Custom Message မှာတင်ထားတော့ သူငယ်ချင်းတစ်ယောက်လှမ်းပြောတယ်…. အဲဒီလူ အာသဝေါကုန်နေလို့ နေမှာပေါ့တဲ့… ပွင့်ပွင့်လင်းလင်းပြောရရင်လေ.. သူပြောသလို အာသဝေါကုန်နေလို့ ကျနော်အပါအ၀င် ဘယ်သူ့ကိုမှ စိတ်မ၀င်စားတော့တာဆိုရင် ကိစ္စမရှိဘူး… အဲလိုမှ မဟုတ်ဘဲ ကျနော်မဟုတ်တဲ့ တခြားတစ်စုံတစ်ယောက်ကိုများ မတော်တဆပဲဖြစ်ဖြစ် ၊ တမင်တကာပဲဖြစ်ဖြစ် စိတ်ဝင်စားမိရင်.. အား… အတွေးနဲ့တင်ကို ရင်ခွင်တစ်ခုလုံး ဗလောင်ဆူသွားတယ်… ဒါပေမယ့် ကျနော် ယုံကြည်ပါတယ်.. ကျနော်တန်ဖိုးထားရတဲ့သူက ကျနော့်အပေါ် အဲလောက်ရက်စက်မှာမဟုတ်ဘူးလို့…. [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.