Archive for the ‘ ရင်တွင်းစကား ’ Category

နောက်ဆုံး သို့မဟုတ် ပထမဆုံး

သူနဲ့ပတ်သက်ပြီး ဘာကိုမှ မတွေးတော့ဘူး လို့ စိတ်ကူးလိုက်တဲ့ တခဏမှာ ခံစားချက်ဆိုတာ ဆိတ်သုဉ်းသွားပါတယ်… ခံစားချက်ဆိတ်သုဉ်းနေတော့ ခါတိုင်းရေးနေကျ စာတိုပေစလေးတွေတောင် ရေးချင်စိတ်မရှိ ဖြစ်သွားပါတယ်… နောက်ပြီး ဘယ်လိုခံစားချက်နဲ့ ရေးထားတဲ့ စာကိုမှ မခံစားချင်တော့ဘူး …. ဒီတိုင်းလေးပဲ ငြိမ်ငြိမ်သက်သက်လေး နေချင်နေမိတယ်…. စိတ်ကို ဘာဆို ဘာမှ အရောင်မဆိုးချင်တော့ဘူး ….. ဒီတိုင်းလေး ငြိမ်ငြိမ်လေး….. ။ သူ ….. ကျွန်မရေးသမျှ စာတွေထဲက ၁၀ ပုဒ်မှာ ၉ ပုဒ်က သူ့တစ်ယောက်တည်းကိုပဲ ဦးတည်ရေးတဲ့ စာတွေပါ…. စာရေးချင်ပြီဆိုတဲ့ အခါတိုင်း သူ့ကို စိတ်ထဲ ထည့်လိုက်ရင် လက်က အလိုလို စာရေးမိသွားတာချည်းပဲ…. သူ ကျွန်မကို ဂရုစိုက်ရင် ဂရုစိုက်သလို ကြည်နူးတဲ့စာတွေ ရေးမိတယ်…. [ READ MORE ]

စိတ်ချင်းအဖော်

အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ… ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ… ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ… ကိုယ့်ကို နားလည်တဲ့သူ… (နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊ အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။) ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ ၊ အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။ နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။ သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲ တော်လှပါပြီ ၊ အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။ စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။ [ READ MORE ]

Broken Reeds !

Broken Reeds ! အဲလို အပြောခံလိုက်ရချင်း ပထမဆုံး ကျနော် လုပ်ရတဲ့ အလုပ်က ဒါ ဘာအဓိပ္ပါယ်လဲ လို့ပေါ့… ပြောတဲ့လူက တော်လို့ အဲလို ပြောနိုင်ပေမယ့် နားထောင်တဲ့ ကျနော်က ညံ့တော့ ချက်ချင်းနားမလည်ဘူးလေ… အဲဒါနဲ့ နီးစပ်ရာ dictionary ပြေးလှန်ရတယ်… အဟိ…. အဖြစ်က မနှစ်ကနဲ့ မတူ ဆိုတာ ဒါမျိုးပေါ့ …. တွေ့လိုက်ပါပြီ မယုံကြည်ထိုက်သော ၊ အားမကိုးထိုက်သော တဲ့ … ပြောတဲ့လူက အဲလိုပြောလိုက်တာ ဟုတ်မဟုတ်တော့မသိ …. ကျနော်ကတော့ အဲလိုပဲ နားလည်လိုက်တယ် … မယုံကြည်ထိုက်သော ….မယုံကြည်ထိုက်သော …. နောက် တစ်ခေါက်ရွတ်မိတယ် …. မယုံကြည်ထိုက်သော …. [ READ MORE ]

HappY BirthdaY Oniis@N…!

*အဲဒီလူပေါ့….. သူငယ်ချင်း , ချင်းချင်း မယုံကြည်သလို ဘာလိုလိုနဲ့ မွေးနေ့အမှန် မပြောဘဲ တစ်ကွက်ချန်တဲ့လူ…..။ *အဲဒီလူပေါ့….. ကျနော် ကျောင်းကိစ္စနဲ့ စိတ်တွေညစ်တုန်းက ပလန်းနက်မှာ ဆုတောင်းပေးမယ်ဆိုပြီး အာဖြီး ညာရွှီးတဲ့လူ…..။ *အဲဒီလူပေါ့ အရာရာကို သူသိသူတတ် ပြောလိုက်ရင် ဆရာကြီးစတိုင်နဲ့ ဆက်ဆက်ထိမခံ ကြွေပန်းကန်စိတ်ပိုင်ရှင်လူ…..။ *အဲဒီလူပေါ့….. ကြူကြူကိုသာ လိုင်စင်ချပေးမယ်ဆိုရင် သက်တမ်းတွေ ထပ်ခါထပ်ခါ တိုးလို့ ဇယားကွက်တွေထဲမှာ ဟိုရွှေ့ဒီရွှေ့နဲ့ အလုပ်တွေ ရှုပ်နေမယ့်လူ….။ *အဲဒီလူပေါ့….. ရူပါမလို ဗျူဟာသာလို၏ အပြောကောင်းရင် ကြွေတတ်သည် လို့ ယူဆ မိန်းကလေးတွေကို နှိမ့်ချတတ်သူ….။ *အဲဒီလူပဲပေါ့….. မြန်မာတစ်နိုင်ငံလုံးမှာမှ သူ တန်ဖိုးထားရာ နတ်သမီးလေးရှိရာ ဘားအံ တစ်နေရာစာ ကွက်ကွက်လေးကိုပဲ ကွန်နက်ရှင် ပိုကောင်းစေချင်တဲ့လူ…..။ *အဲဒီလူပေါ့….. သူ့ကိုယ်သူ မိုးအောက်ပြေမြင် ပြိုင်ဘက်ကင်း ဆိုပြီး သမုတ် သူရိယ လို့ တဖန်အမည်ခံ Happyboylay ဆိုပီး တစ်ခါ ကလောင်တွေခွဲ ပလန်းနက်နဲ့ wordpress မှာ တောက်တဲ့ တောက်တဲ့ နဲ့ လမ်းတွေလျှောက် သူငယ်ချင်းများနေ့နဲ့ blogspot မှာပါ ခြေရာချင်း ထပ်အောင် လျှောက်တဲ့လူ….။ *အဲဒီလူပါပဲ….. အိပ်မက်ပင်တွေ စိုက်ပျိုး မျှော်လင့်ချက်မိုးတွေ သွန်းဖြိုးလို့ ရည်မှန်းချက်တွေ ထမ်းပိုးထားရတာကိုက ပျော်ဖို့ကောင်းတယ်လို့ ယူဆတတ်သူ….။ အဲလိုလူရဲ့ စက်တင်ဘာ နှစ်ဆယ့်တစ်ရက်မှာကျရောက်မယ့် အသက် ၂၅ နှစ်မြောက် [ READ MORE ]

ထွက်ပေါက်

*အလိုက်မသိတဲ့ နတ်ဆိုးတွေ ကခုန်ဝန်းရံနေတဲ့ ညနေခင်းများစွာကို ဖြတ်သန်းရင်း ငါ လူလားမြောက်ခဲ့တယ်……. *ရင်ဝကို ဆောင့်တတ်လာတဲ့ ဒေါသတွေ ၊ အလိုမကျမှုတွေကို အခါခါ မျိုချရင်း သည်းခံခြင်းဥပုသ်ကို မစောင့်တတ် စောင့်တတ်နဲ့ စောင့်ခဲ့ရတယ်…….. *ပျော်ရွှင်ခြင်းဆိုတာ ဘာမှန်းမသိတဲ့ ငါ့ဘ၀မှာ အပြုံးတွေရွဲ့ပဲ့နေပီ…….. *ပြည့်စုံခြင်းဆိုတာ ဘာမှန်းမသိတဲ့ ငါ့ဘ၀မှာ မပြည့်စုံခြင်းဟာလည်း ပြည့်စုံခြင်း တစ်ခုပါပဲ……… *စိတ်သခင်ရဲ့ စေစားရာအတိုင်းသာဆိုရင် ခုချက်ချင်း မြေလျှိုးမိုးပျံလို့ အဝေးဆုံးတစ်နေရာကို ထွက်သွားချင်စမ်းရဲ့…….။ ။ မိုးထက်အိမ် April 29, 2009 [ READ MORE ]

နောက်ကျပေမယ့် သူငယ်ချင်းလေး Happy Birthday…!

ရှမ်းဂု: hate ma nay kg lar me: ဟိတ်မ သတိရနေတာဗျ ရှမ်းဂု: ရနေတယ်သာပြောတယ် မွေးနေ့တောင်မသိတော့ဘူးမလား me: တကယ်ပြောတာ ရှမ်းဂု: me: နင့်အကြောင်းတောင် ဘလော့မှာ ရေးမလို့ စဉ်းစားနေတာ သိရဲ့လး ချီးထုပ်စုတ်ရဲ့ ရှမ်းဂု: ငါ့မွေးနေ့ကို မေလ်းတောင်မပို့ပေးဘူး အဲဒါဆို ဘာလို့ မေးလ်မပို့လဲ တင်းနေတာနော် နင့်ကို me: ဘလော့မှာ ရေးပေးမယ် စိတ်ချ လူသိရှင်ကြားကိုလွမ်းပြမှာ ဟ ဟ ရှမ်းဂု: ရေးမယ်ဆိုလည်းမြန်မြန်ေ၇း me: အေး ရေးပြီးရင် ပြမယ်.. me: ခု ဟာက မပြီးသေးလို့ ဟ ဟ တော်တော်တင်းနေပုံပဲ နင်ကလည်းဟာ သူ ကျနော့်ကို ဘယ်လောက်တောင် စိတ်တိုနေလဲ ဖတ်တာနဲ့တင် သိနိုင်တယ်နော်.. ဟ ဟ… ကျနော်ကလည်း ကျနော်ပါပဲ… သူ့အကြောင်းကို ရေးမယ်ရေးမယ်နဲ့ …. ရေးတော့ ရေးဖြစ်ပါတယ်…. လက်စမသတ်နိုင်ဖြစ်နေတယ်… အဲဒါနဲ့ သူ့မွေးနေ့သာ ကျော်လာတယ်၊ သူ့အကြောင်းပို့စ်ကို ဘလော့ပေါ်မတင်နိုင်ဘူး… ဟီး… ပြီးကျ ကျနော်ကပဲ ဦးအောင် အော်လိုက်သေးတယ်… ဟ ဟ… [ READ MORE ]

အသားမကျသော အလွဲများ

ရန်ကုန်မိုးက စွေစောင်းစောင်းနဲ့ ရွာကောင်းတဲ့အချိန်… လုံချည်ကို မထားတဲ့ လက်တစ်ဖက်က ထမင်းချိုင့်နဲ့ ရုံးအိတ်ကိုကိုင်ရင်း … ကျန်လက်တစ်ဖက်က ထီးကိုကိုင်ရင်း လမ်းလျှောက်လာတဲ့ ကျွန်မကို မျက်နှာချင်းဆိုင်မှာ လမ်းလျှောက်လာတဲ့ အဘတစ်ယောက်က လှမ်းပြောတယ်.. `သမီး ဖြည်းဖြည်းသွားနော် ၊ လမ်းတွေက အရမ်းချော်တယ် ၊ အဘတို့တောင် ဖြည်းဖြည်းချင်းလျှောက်နေရတယ် ´ တဲ့… `ဟုတ်ကဲ့ ၊ အဘ ဂရုစိုက်ပါ့မယ် ´ လို့ ပြန်ပြောလိုက်ပေမယ့် …. အမှန်ဆို အသက် ၆၀ ကျော် လူကြီးတစ်ယောက်ကို လူငယ်ဖြစ်တဲ့ ကျွန်မက ဂရုစိုက်လျှောက်ဖို့ ပြောရမှာလေ… ခုတော့ နည်းနည်းလေးများ လွဲသွားသလားလို့….။ ဒီလိုနဲ့ စီးနေကြ ၁၇၄ ကြီးရောက်လာတော့ အပြေးအလွှားပြေးတက် ၊ ရုံးဆင်းချိန်မို့ နေရာမရတတ်ပေမယ့် ရလို့ရငြား [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.