Archive for the ‘ ရသစာတို ’ Category

သို့သော်

(၁) ဗင်ဂိုးရေးဆွဲသည့် ကြယ်တွေ စုံတဲ့ညပန်းချီကားဖြင့် မျက်နှာဖုံး အလှဆင်ထားသော စာအုပ်တစ်အုပ်၏ ညို့ငင်မှုအောက်တွင် မျက်ဝန်းတစ်စုံ အငိုက်မိစွာ ကျဆုံးသွားသည် … ကျဆုံးသွားသော မျက်ဝန်းရှင်၏ လက်အစုံက ထိုစာအုပ်ကို ခပ်သွက်သွက် လှမ်းယူလိုက်သည် … မျက်ဝန်းရှင် လူငယ်သည် စာအုပ်ကို (၅) မိနစ်ခန့် စိတ်ဝင်တစား မြည်းစမ်းပြီးနောက် ပိတ်လိုက်သည် … စာအုပ်နောက်ကျောတွင် ကပ်ထားသည့် ဈေးနှုန်းပမာဏက သူ့မျက်ခုံးတစ်စုံကို မှုန်ကုပ်ကုပ်ဖြစ်သွားစေသည် … ထို့နောက် စာအုပ်ကို နေရာတကျ ပြန်ထား၍ ဆိုင်အတွင်းမှ ထွက်သွားသည် … ။ (၂) နောက်တစ်နေ့တွင်လည်း ထိုလူငယ်လေး စာအုပ်ဆိုင်သို့ ရောက်လာပြန်သည် … လိုအပ်သည့် တခြားစာအုပ်များဝယ်ယူအပြီး ကြယ်တွေစုံတဲ့ည မျက်နှာဖုံးစာအုပ်လေးဆီသို့ သံယောဇဉ် မပြတ်စွာ လှမ်းသွားလိုက်သည် … စာအုပ်ကို စူးစူးစိုက်စိုက် [ READ MORE ]

ကစားမလား ၊ နားမလား

” ဆုံပြီးမှ ဖြတ်တဲ့ မျဉ်းနှစ်ကြောင်းနဲ့ အမြဲတမ်း ပြိုင်နေမယ့် မျဉ်းနှစ်ကြောင်းမှာ ဆုံပြီးမှ ဖြတ်ရမယ့် မျဉ်းနှစ်ကြောင်းကိုပဲ ငါ ရွေးမယ် … ဆုံတဲ့ အချိန်ဟာ တစ်စက္ကန့်လေးပဲ ဖြစ်စေဦးတော့ ငါမက်မောတယ် …” - ကျွန်မ သူ့မျက်နှာကို ငေးကြည့်ရင်း စိတ်ထဲကနေ အဲလိုစကားတွေ ပြောနေချိန်မှာ သူက ပြောတယ် …. “မသူ သိလား ၊ သူငယ်ချင်းဆိုတာကို ကျွန်တော် အရမ်း သဘောကျတာပဲ ၊ သူက ခုနေ မခေါ်လို့ ပြတ်သွားလည်း နေက် ဘယ်အချိန် ပြန်တွေ့တွေ့ ခေါ်တာပဲ.. ခေါ်လို့လည်း ရတယ်…. ရည်းစားကျ ပြတ်သွားပြီးရင် နောက် လမ်းမှာ မတော်လို့တွေ့ရင်တောင် ခေါ်ချင်တာ မဟုတ်ဘူး…. အဲဒါကြောင့် သူငယ်ချင်းနဲ့ ရည်းစားကိုသာ [ READ MORE ]

မိုးရေထဲဝယ် ကကြမယ်

အလုပ်ရှုပ်တဲ့တစ်မနက် ၊ (၈) နာရီခွဲလောက်မှာ အသက်ရှစ်ဆယ်ကျော် အဘိုးအိုတစ်ယောက် သူ့လက်မက ချုပ်ရိုးဖြည်ဖို့ ရောက်လာတယ်။ ၉း၀၀ နာရီလောက်မှာ ချိန်းထားတာ တစ်ခုရှိလို့ အလျင်လိုနေကြောင်း ပြောတယ် ။ သူရဲ့ အရေးတကြီးဖြစ်နေတဲ့ အခြေအနေကိုကြည့်ပြီး ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်တယ် ။ တစ်ယောက်ယောက်က သူ့ကို မတွေ့ခင်အထိ တစ်နာရီကျော်လောက် ကြာမှာ သိနေတယ်။ သူ နာရီတကြည့်ကြည့်ဖြစ်နေတာကိုမြင်ပြီး င့ါမှာလည်း နောက်လူနာ မရှိတော့တာမို့ သူ့အနာကို ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ စစ်ဆေးကြည့်ရာမှာ အနာက ကောင်းကောင်းကျက်နေပြီ။ ဒါနဲ့ ဆရာဝန်တစ်ယောက်ကိုခေါ် ၊ ချုပ်ရိုးဖြည်ဖို့ လိုတာတွေ ယူလာခိုင်းပြီး သူ့အနာကို ပြန်စည်းပေးလိုက်တယ် ။ သူ့အနာကို ဂရုတစိုက်လုပ်ပေးရင်း ဒီလောက်လောနေရအောင် တခြားဆရာဝန်တစ်ယောက်နဲ့ ချိနးထားတာများ ရှိနေသလားလို့ မေးကြည့်တယ်။ အဘိုးအိုက မရှိပါဘူးလို့ပြောတယ်။ ဘိုးဘွားရိပ်သာကိုသွားပြီး သူ့မိန်းမနဲ့ မနက်စာ [ READ MORE ]

သစ်ပင်နှင့် တူသော ကျွန်မ၏

သူများ သနားတာ မခံယူတတ်တဲ့ငါဟာ နင့်ရဲ့ သနားဂရုဏာတွေကို မက်မောစွာ လိုချင်တယ်… ဒေါသတကြီးနဲ့ အော်ဟစ်တတ်တဲ့ စရိုက်ကို မကြိုက်ဘူးဆိုပေမယ့် ငါ့ရဲ့ နမော်နမဲ့ ချွတ်ချော်မှုများစွာကို အားမလိုအားမရစွာ တဖျစ်တောက်တောက် အော်ဟစ်တတ်တဲ့ နင့်ရဲ့ ဒေါသသံတွေက င့ါအတွက် နားဝင်ချိုစေတယ်… လွတ်လပ်မှုကို သိပ်မြတ်နိုးတဲ့ င့ါရှေ့မှာ သဘောထားကြီးချင်ယောင်ဆောင်ထားတဲ့ နင့်ဆီက နင့်အလစ်အငိုက်မှာ ထွက်ပေါ်လာတတ်တဲ့ သ၀န်တိုမှု ၊ ချုပ်နှောင်မှုတွေကို နှစ်သက်တယ်… ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်သင့်တာ လုပ်ရမယ်ဆိုတဲ့ ငါ က နင့်ရဲ့ဆုံးမ သြ၀ါဒတွေကို နာယူကျင့်သုံးချင်တယ်… ကိုယ့်ကိုယ်ကိုသာ အားကိုးရာပဲဆိုဆို တချို့သော ဆုံးဖြတ်ချက်တွေမှာ နင့်ရဲ့ ထောက်ခံအားပေးမှုကိုလိုအပ်တယ်… တခြားသူတွေရဲ့ ညည်းညူသံတွေကို နားထောင်ပေးဖို့ အမြဲအဆင်သင့်မဖြစ်တဲ့ ငါက နင့်ရဲ့ ရင်ဖွင့်သံတွေကို နားဆင်ပေးဖို့ မအားဘူးဆိုတဲ့ [ READ MORE ]

ငါပြောမယ် ကောင်လေးရဲ့

ကျောင်းကို သွားဖို့ ferry ကားရောက်လာပြီဆိုရင် ferry ပေါ်တန်းတက် .. နင့် နောက်က င့ါကို လှည့််ကြည့်ပြီးမှ မတက်နဲ့….ferry ထိုင်ခုံမှာ ထိုင်ပြီဆိုရင်လည်း လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ကောင်မလေးလှလှလေးတွေကို ကြည့်…. နင့် မျက်စောင်းထိုးက ငါ့ ကို လှည့်လှည့်မကြည့်နဲ့…။ စာသင်ခန်းထဲ ၀င်လာလို့ အတန်းရှေ့က ဖိနပ်စင်မှာ ဖိနပ်ချွတ်ပြီဆိုရင်လည်း ဖိနပ်စင်ကိုပဲကြည့်ချွတ်. . င့ါဖက်ကို လှည့်ကြည့်ပြီးမှ မချွတ်နဲ့….. စားရိပ်သာမှာ နေ့လည်စာစားပြီဆိုရင်လည်း ဖွင့်ပြထားတဲ့ ရုပ်သံ အစီအစဉ်ကိုပဲကြည့် ….. ငါ့ ကို ကြည့်ပြီး မစားနဲ့…..။ Break ပေးလို့ canteen မှာ ကော်ဖီသောက်ရင်လည်း ကော်ဖီခွက်ကို ပဲ ကြည့်ပြီးသောက် … ငါ့ ကို ကြည့်ပြီး [ READ MORE ]

အဖတ်တင်တာပေါ့

သူသိပါစေသား မေတ္တာကို သစ္စာပြုလို့ ပန်ဆင်ဖို့ပေး တို့များက မိန်းကလေး ယူလိုက်က အထင်သေး မယူလိုက်က အနေဝေး ဆွေးဆွေးမြေ့မြေ့ ချစ်နေတာ စတွေ့တည်းကပါ ငြင်းပယ်လိုက်တာ ဟန်ဆောင်စကား သူသိပါစေသား…။ ဒီကဗျာလေးကို တွေ့တုန်းက ကိုယ်ကိုယ်တိုင် ဖတ်ပြီးပြုံးမိသွားတယ်လေ..။ ဒါနဲ့ပဲ ကျောင်းကသူငယ်ချင်းတွေကို ပြရင် သူတို့လည်း ပြုံးတုံးတုံးဖြစ်သွားမှာ ပဲ ဆိုပြီး စာအုပ်ထဲမှာ ကော်ပီကူးယူထားလိုက်တယ်…။ နောက်နေ့ ကျောင်းရောက်တော့ တွေ့သမျှသူငယ်ချင်းတွေကို ပြတော့တာပဲ….´ဖတ်ကြည့် ၊ ဖတ်ကြည့် ၊ ဒါလေးကောင်းတယ် ´ ဆိုပြီး….။ အဲဒီမှာသူငယ်ချင်းတစ်ယောက် က သူ့ကိုအဖြေပေးပါတယ် လုပ်လို့ … မဟုတ်ပါဘူး ဆိုပြီး မနည်းရှင်းယူရတယ်….။ ဘေးကသူငယ်ချင်းတွေကလည်း ၀ိုင်းပြောတယ်….. ။ နင်ကလည်းဟယ် ဘာဖြစ်လဲ .. အဖတ်တင်တာပေါ့တဲ့….။ ကောင်းရော..။ မိုးထက်အိမ် March 19, 2009 10:56am [ READ MORE ]

သို့….

ကြယ်စုံမှ လှရတဲ့ ကောင်းကင် မဖြစ်လိုဘူး……။ လေရှိမှ ထန်ရတဲ့ လှိုင်း မကြိုက်ဘူး……။ မင်းရှိမှ ပျော်ရတဲ့ ငါ့ဘ၀ကလည်း မမိုက်ဘုး……။ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းဟာ တစ်စုံတစ်ယောက်အပေါ်လုံးဝမူတည်မနေဘူးဆိုပေမယ့်…. တစ်စုံတစ်ယောက် ပျော်ရွှင်နေတာ မြင်ရရင် ကိုယ်လည်းပျော်ရွှင်ရတာတော့ အမှန်တကယ်ပါ….။ တစ်စုံတစ်ယောက်စိတ်ချမ်းသာရရင် ကိုယ်လည်းစိတ်ချမ်းသာရတယ်… တစ်စုံတစ်ယောက်စိတ်အဆင်မပြေရင် ကိုယ်လည်း စိတ်မပျော်ရဘူး….. ဒီ ဒုက္ခတွေ ကင်းဝေးအောင် သူ့ ကို မုန်းပြစ်ရမလား ၊ မေ့ပြစ်ရမလား…၊ ဖြစ်သေးပါဘူး….။ တစ်စုံတစ်ယောက်ကို မုန်းပြစ်ဖို့ဆိုတာ တော်ရုံအကြောင်းပြချက်နဲ့ မဖြစ်နိုင်ပါဘူး….။ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် တစ်စုံတစ်ယောက်အမြဲပျော်ရွှင် စိတ်ချမ်းသာဖို့ ဆုတောင်းပေးလျှက်…..။ မိုးထက်အိမ် Dec 29, 2008 [ READ MORE ]

ကံကြမ္မာများ ကျီးစားလေသလား

“အုတ်ကျင်း ၊ အုတ်ကျင်း၊ အုတ်ကျင်း အဆင်းလေးတွေ ပြင်ထားမယ်”            ဆိုတဲ့ ကားစပါယ်ရာ အော်သံကြားတော့ ကျွန်မ အလန့်တကြား ပြူးပြဲ ထလိုက်မိသည်… သွားပြီ… ကျွန်မ ဆင်းရမှာက သံလမ်းမှတ်တိုင် … ခုဆို သံလမ်း၊ ဗာဒါ၊ အုတ်ကျင်း မှတ်တိုင် နှစ်ခုတောင် ကျော်ခဲ့ပြီ… သေပြီ… ဒီနေ့တော့ မင်နီ တားခံရပါပြီ…။ “သမီး ဒါလေးမှတ်ထားလိုက်”            လို့ မန်နေဂျာကလှမ်းပြောတော့ ဖုန်းခွက်အောက်ရောက်နေတဲ့ ဟိုဟိုဒီဒီ အလွယ်မှတ်တဲ့ စာအုပ်ကို လှမ်းဆွဲလိုက်သည်… “ဂွပ် ၊ ဂလွမ်” သွားပြီ … ဖုန်းခွက် အောက်ပြုတ်ကျသွားပြီ… မျက်မှောင်ကြုတ်ကြည့်နေတဲ့ ဆရာ့ကို မသိချင်ယောင်ဆောင်ပြီး ဖုန်းခွက်ကို ခပ်တည်တည်လေးပဲ ပြန်တင်ထားလိုက်သည်… သွေ့ပချီ…။ “သမီး ဒီ Customer ဆီ ဖုန်းဆက်လိုက်ပါဦး”            လို့ စီနီယာကပြောတော့ ကျွန်မ [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.