Archive for the ‘ သူငယ်ချင်း ’ Category

သူငယ်ချင်းလေးတစ်ယောက် ကောက်ရမယ်မှ မကြံသေးဘူး

သူနဲ့ ကျနော် ခင်ခဲ့တာ ဘလော့ပေါ်မှာပါ…. သူ့အိမ်ကိုယ်သွားလည်လိုက် ကိုယ့်အိမ် သူ လာလည်လိုက် ၊ အသစ်တင်ရင် အပြေးအလွှားသွားဖတ်လိုက် ၊ ဝေဖန်ချက် အပြောင်အပျက်တွေ ပေးလိုက်နဲ့ ဆုံရတဲ့ သက်တမ်းတိုပေမယ့် တော်တော်လေး ခင်ခဲ့ကြတယ်…. တစ်နေ့ သူ့အိမ်သွားလည်တော့ ကျော်ရခွရ အဆင်မပြေတဲ့ အကြောင်းရေးထားတယ်လေ…. အဲဒါနဲ့ ဆော်ဒီအိုင်ပီ (Saudi Arabia IP) လေး ပေးချင်စိတ်ပေါက်သွားပါတယ် … စီဗုံးကနေ IP ပေးရင် သိပ်အဆင်တပြေမရှိလှဘူးလို့ ထင်တာနဲ့ မေးလ်ကနေ ပို့ပေးလိုက်တယ်…. ဒီ IP ကို သူသိတော့လည်း သိနိုင်တယ် …. ဒါပေမယ့် ပိုပိုလိုလို အသုံးတည့်လိုတည့်ငြား ဆိုပြီး မေးလ်ပို့ပေးလိုက်ပါတယ်…. ကျနော့်မေးလ် signature မှာ တင်ထားတဲ့ Don’t Walk [ READ MORE ]

သူငယ်ချင်း အမျိုးမျိုးရှိလေသည်

တစ်ယောက်က ပြောတယ်…. သူ့ကိုချစ်တယ် … သူနဲ့ မဝေးချင်ဘူး …. ချစ်သူ သမီးရည်းစားဆိုတာ တွဲမိလို့ အခန့်မသင့်လို့ ကွဲသွားရင် သူငယ်ချင်း ဆက်လုပ်လို့ရတာမဟုတ်ဘူး …. တစ်သက်လုံး ဝေးရမှာ …. အဲဒါကြောင့် တစ်သက်လုံး သူငယ်ချင်း အဖြစ်ပဲ နေမယ် … ဘယ်တော့မှ မခွဲတဲ့ သူငယ်ချင်း …..။ တစ်ယောက်က ပြောတယ် …. သူက သိပ်လွတ်လွတ်လပ်လပ်နေချင်တယ် …. သူ့စိတ်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ ခွန်အား ကိုယ့်မှာ မရှိဘူး … လွတ်လွတ်လပ်လပ်နေချင်တဲ့သူ့ကို သ၀န်တိုလို့လည်း မရဘူး ၊ ချုပ်ချယ်လို့လည်း မရဘူး …. ဒါ့ကြောင့် သူငယ်ချင်းလိုနေတာပဲ စိတ်ချမ်းသာမယ် … သူ တောင်ပံတွေ ဖြန့်ကျက်ပြီး လွတ်လပ်စွာ ပျံသန်းပါစေ …. နံဘေးကနေ [ READ MORE ]

အဖတ်တင်တာပေါ့

သူသိပါစေသား မေတ္တာကို သစ္စာပြုလို့ ပန်ဆင်ဖို့ပေး တို့များက မိန်းကလေး ယူလိုက်က အထင်သေး မယူလိုက်က အနေဝေး ဆွေးဆွေးမြေ့မြေ့ ချစ်နေတာ စတွေ့တည်းကပါ ငြင်းပယ်လိုက်တာ ဟန်ဆောင်စကား သူသိပါစေသား…။ ဒီကဗျာလေးကို တွေ့တုန်းက ကိုယ်ကိုယ်တိုင် ဖတ်ပြီးပြုံးမိသွားတယ်လေ..။ ဒါနဲ့ပဲ ကျောင်းကသူငယ်ချင်းတွေကို ပြရင် သူတို့လည်း ပြုံးတုံးတုံးဖြစ်သွားမှာ ပဲ ဆိုပြီး စာအုပ်ထဲမှာ ကော်ပီကူးယူထားလိုက်တယ်…။ နောက်နေ့ ကျောင်းရောက်တော့ တွေ့သမျှသူငယ်ချင်းတွေကို ပြတော့တာပဲ….´ဖတ်ကြည့် ၊ ဖတ်ကြည့် ၊ ဒါလေးကောင်းတယ် ´ ဆိုပြီး….။ အဲဒီမှာသူငယ်ချင်းတစ်ယောက် က သူ့ကိုအဖြေပေးပါတယ် လုပ်လို့ … မဟုတ်ပါဘူး ဆိုပြီး မနည်းရှင်းယူရတယ်….။ ဘေးကသူငယ်ချင်းတွေကလည်း ၀ိုင်းပြောတယ်….. ။ နင်ကလည်းဟယ် ဘာဖြစ်လဲ .. အဖတ်တင်တာပေါ့တဲ့….။ ကောင်းရော..။ မိုးထက်အိမ် March 19, 2009 10:56am [ READ MORE ]

ဘကြိုင်တို့ရွာ

“လေးကြိုင်ရေ…လေးကြိုင်” အိမ်ရှေ့မှာ စွာကျယ်ကျယ်စွာကျယ် လာအော်ခေါ်နေသောအသံကြောင့် အိပ်ရာထဲခွေခေါက်နေရာမှ ခေါင်းထောင်ထကြည့်မိသည်။ “အယ်ဗျာ” မဖြစ်ဖူးပုန်းနေဦးမှပဲဆိုပြီး အသံပြန်မပေးပဲ ငြိမ်နေလိုက်သည်။ မငြိမ်လို့မရပေ ။ ဒွေးလေးမေကျော် အကြွေးတောင်းခိုင်းလိုက်တယ်ထင်ပါ့ ။ အိမ်ရှေ့မှာ ဒွေးလေးမေကျော်ရဲ့တူးမလေးလရောင်ရယ် အိပ်ထဲပြူတစ်ပြူတစ်လာကြည့် နေလေ၏။ “လောလောဆယ်ဘိုင်ကျနေပါတယ်ဆိုနေဗျာ..ဒီဒွေးလေးနယ် ကလေးမလေးကိုအကြွေးတောင်းခိုင်းရတယ်လို့ ” “ဟွန့်” စိတ်ထဲမှဒေါခွီးနေမိသည်။ဒီကလေးမလေးတွေမလွယ်ပေ။လူကြားသူကြားထဲလဲ“လေးကြိုင်..လေးကြိုင် ဒွေးလေးကအကြွေးပြန်ဆပ်ပါတဲ့” ဆိုပြီး လိုက်တောင်းတတ်လေသည်။ ဒွေးလေးမေကျော်မှာ တူမလေးနှစ်ယောက်ရှိ၏ ။ လရောင်ဆိုတဲ့ ချာတိတ်မနဲ့ ဖြူလေးဆိုတဲ့ ချာတိတ်မလေးတွေပေါ့ … ကိုယ့် မှာဒွေးလေးအကြွေးကြောင့် သာသူတို့ ရှောင် နေရတာ.. ဒီငတိမလေးနှစ်ကိုထိပ် “ဂေါက်” ဆိုပြီး နာနာခေါက်ချင်သား…. ဟိုတနေ့ တုန်းကလည်း ရွာနံဘေးကချောင်းစပ်မှာ ရေခပ်ဆင်းလာမယ့် အပျိုလေးတွေငမ်းရင်း ခြင်းခတ်နေတုန်း ငတိမလေးနှစ်ယောက် ဘယ်ကနေလမ်းမှားလာလည်း မသိပါဖူး (ရွာရိုးကုန်းပေါက် လျှောက်ဆော့ နေတာကိုး) ခြင်းဝိုင်းနားရောက်လာပါလေရောလား။ ပထမတော့သတိမထားမိချေ။ ငမ်းကြောနှင် [ READ MORE ]

HappY BirthdaY Oniis@N…!

*အဲဒီလူပေါ့….. သူငယ်ချင်း , ချင်းချင်း မယုံကြည်သလို ဘာလိုလိုနဲ့ မွေးနေ့အမှန် မပြောဘဲ တစ်ကွက်ချန်တဲ့လူ…..။ *အဲဒီလူပေါ့….. ကျနော် ကျောင်းကိစ္စနဲ့ စိတ်တွေညစ်တုန်းက ပလန်းနက်မှာ ဆုတောင်းပေးမယ်ဆိုပြီး အာဖြီး ညာရွှီးတဲ့လူ…..။ *အဲဒီလူပေါ့ အရာရာကို သူသိသူတတ် ပြောလိုက်ရင် ဆရာကြီးစတိုင်နဲ့ ဆက်ဆက်ထိမခံ ကြွေပန်းကန်စိတ်ပိုင်ရှင်လူ…..။ *အဲဒီလူပေါ့….. ကြူကြူကိုသာ လိုင်စင်ချပေးမယ်ဆိုရင် သက်တမ်းတွေ ထပ်ခါထပ်ခါ တိုးလို့ ဇယားကွက်တွေထဲမှာ ဟိုရွှေ့ဒီရွှေ့နဲ့ အလုပ်တွေ ရှုပ်နေမယ့်လူ….။ *အဲဒီလူပေါ့….. ရူပါမလို ဗျူဟာသာလို၏ အပြောကောင်းရင် ကြွေတတ်သည် လို့ ယူဆ မိန်းကလေးတွေကို နှိမ့်ချတတ်သူ….။ *အဲဒီလူပဲပေါ့….. မြန်မာတစ်နိုင်ငံလုံးမှာမှ သူ တန်ဖိုးထားရာ နတ်သမီးလေးရှိရာ ဘားအံ တစ်နေရာစာ ကွက်ကွက်လေးကိုပဲ ကွန်နက်ရှင် ပိုကောင်းစေချင်တဲ့လူ…..။ *အဲဒီလူပေါ့….. သူ့ကိုယ်သူ မိုးအောက်ပြေမြင် ပြိုင်ဘက်ကင်း ဆိုပြီး သမုတ် သူရိယ လို့ တဖန်အမည်ခံ Happyboylay ဆိုပီး တစ်ခါ ကလောင်တွေခွဲ ပလန်းနက်နဲ့ wordpress မှာ တောက်တဲ့ တောက်တဲ့ နဲ့ လမ်းတွေလျှောက် သူငယ်ချင်းများနေ့နဲ့ blogspot မှာပါ ခြေရာချင်း ထပ်အောင် လျှောက်တဲ့လူ….။ *အဲဒီလူပါပဲ….. အိပ်မက်ပင်တွေ စိုက်ပျိုး မျှော်လင့်ချက်မိုးတွေ သွန်းဖြိုးလို့ ရည်မှန်းချက်တွေ ထမ်းပိုးထားရတာကိုက ပျော်ဖို့ကောင်းတယ်လို့ ယူဆတတ်သူ….။ အဲလိုလူရဲ့ စက်တင်ဘာ နှစ်ဆယ့်တစ်ရက်မှာကျရောက်မယ့် အသက် ၂၅ နှစ်မြောက် [ READ MORE ]

ချစ်သူကို အရုပ်လေးတဲ့လား… တွေးကြည့်လိုက်တော့

မန်းလေးအဆောင်မှာနေတုန်းကပေါ့ဗျာ… ကျနော်နဲ့တစ်ခန်းထဲနေတဲ့အမကြီးကို လာ လာပတ်နေတဲ့ အကိုကြီးတစ်ယောက်ရှိတယ်ဗျ.. အမကြီးက သွက်ပီး အကိုကြီးက အေးတယ်ဗျ ….တစ်နေ့ သူတို့နှစ်ယောက် အိမ်ထောင်ဘက်ကို ဘယ်လိုရွေးချယ်မလဲဆိုတာနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ ဖလှယ်ကြတယ်ဗျ… အမကြီးကပြောတယ်.. သူက တဲ့ ချစ်သူဆိုတာကို အရုပ်လေးတစ်ရုပ်နဲ့ နှိုင်းမယ်ဆိုရင် …. သူကြိုက်တဲ့ အရုပ်လေးကိုတွေ့ရင် ကောက်ကိုင်လိုက်မှာပဲတဲ့ ..အဲ ဒီအရုပ်ထက် လှတဲ့ နောက်အရုပ်ကိုတွေ့ခဲ့ရင် ပထမ အရုပ်လေးကို ချပြီး ဒုတိယအရုပ်ကို ကောက်ကိုင်ကြည့်မှာပေါ့တဲ့ …. အဲလိုနဲ့ သူ အကြိုက်ဆုံး အရုပ်ကိုရွေးမယ်ပေါ့လေ…. အဲဒီတော့ အစ်ကိုကြီးက အမပြောတာကိုနားထောင်ပြီး သူ့ကိုချထားခဲ့ရင် အခက်လို့တွေးပြီး ဒီလိုပြန်ပြောတယ်ဗျ…. သူကတဲ့ အရုပ်လေးကို ကောက်လည်းမကိုင်ရက်ပါဘူးတဲ့… အမြတ်တနိုးလေးထားပြီး ဘီရိုထဲမှာ အလှပဲ ကြည့်နေချင်တယ် .. တဲ့လေ….. အင်း .. ဒီလိုဆိုရင်တော့ ဒီအကိုကြီးတော့ [ READ MORE ]

နောက်ကျပေမယ့် သူငယ်ချင်းလေး Happy Birthday…!

ရှမ်းဂု: hate ma nay kg lar me: ဟိတ်မ သတိရနေတာဗျ ရှမ်းဂု: ရနေတယ်သာပြောတယ် မွေးနေ့တောင်မသိတော့ဘူးမလား me: တကယ်ပြောတာ ရှမ်းဂု: me: နင့်အကြောင်းတောင် ဘလော့မှာ ရေးမလို့ စဉ်းစားနေတာ သိရဲ့လး ချီးထုပ်စုတ်ရဲ့ ရှမ်းဂု: ငါ့မွေးနေ့ကို မေလ်းတောင်မပို့ပေးဘူး အဲဒါဆို ဘာလို့ မေးလ်မပို့လဲ တင်းနေတာနော် နင့်ကို me: ဘလော့မှာ ရေးပေးမယ် စိတ်ချ လူသိရှင်ကြားကိုလွမ်းပြမှာ ဟ ဟ ရှမ်းဂု: ရေးမယ်ဆိုလည်းမြန်မြန်ေ၇း me: အေး ရေးပြီးရင် ပြမယ်.. me: ခု ဟာက မပြီးသေးလို့ ဟ ဟ တော်တော်တင်းနေပုံပဲ နင်ကလည်းဟာ သူ ကျနော့်ကို ဘယ်လောက်တောင် စိတ်တိုနေလဲ ဖတ်တာနဲ့တင် သိနိုင်တယ်နော်.. ဟ ဟ… ကျနော်ကလည်း ကျနော်ပါပဲ… သူ့အကြောင်းကို ရေးမယ်ရေးမယ်နဲ့ …. ရေးတော့ ရေးဖြစ်ပါတယ်…. လက်စမသတ်နိုင်ဖြစ်နေတယ်… အဲဒါနဲ့ သူ့မွေးနေ့သာ ကျော်လာတယ်၊ သူ့အကြောင်းပို့စ်ကို ဘလော့ပေါ်မတင်နိုင်ဘူး… ဟီး… ပြီးကျ ကျနော်ကပဲ ဦးအောင် အော်လိုက်သေးတယ်… ဟ ဟ… [ READ MORE ]

စိတ်ကိုထင်ဟပ်စေသော..

ကျွန်မ အွန်လိုင်းတတ်တိုင်း သူငယ်ချင်းတွေရဲ့ Gtalk Custom Message ကို အမြဲ ဂရုပြုကြည့်မိပါတယ်… ဒီမက်ဆေ့ခ်ျလေးတွေက ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေထဲက ကောက်နှုတ်ချက်လေးတွေ ဖြစ်နိုင်သလို၊ ကမ္ဘာ့အတွေးအခေါ် ပညာရှင်ကြီးတွေရဲ့ အတွေးအကြေံလေးတွေလည်းဖြစ်နိုင်ပါတယ်… ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတွေရဲ့ စကားတွေဖြစ်နိုင်သလို ၊ သူတို့ရဲ့ ကိုယ်ပိုင် ဒဿနလေးတွေလည်း ဖြစ်နိုင်ပါတယ်… ဘယ်လိုပဲဖြစ်ဖြစ် အဲဒါလေးတွေက သူတို့စိတ်ထဲမှာ လက်တလော ခံစားနေရတာလေးတွေကို တင်ထားတတ်တဲ့အတွက် Gtalk Custom Message တွေကို ကျွန်မ အလွန်ပဲ စိတ်ဝင်စားပါတယ်…     မကြံဘဲနှင့်လည်း ဖြစ်တတ်၏၊ ကြံလျက်နှင့်လည်း ပျက်တတ်၏ ၊ ဒါလေးကတော့ ယုရဲ့စာသားလေးပါ… ဘာ့ကြောင့် နှစ်သက်တယ်ဆိုတာကို ရှင်းပြစရာမလိုလောက်အောင် ကောင်းပါတယ်… အစက သူ့ကို ကလေးလေးလို့ပဲ သဘောထားတာ… ဒါပေမယ့် ဒီစာလေး [ READ MORE ]

အွန်လိုင်းမှ ကျနော် တန်ဖိုးထား ခင်မင်ရသောသူငယ်ချင်းများ

တန်ဖိုးထားခင်မင်ရသောလို့ ကျနော် တမင် သုံးလိုက်တာပါ.. ဘာလို့လဲဆိုတော့ အွန်လိုင်းဆိုရင် တော်တော်များများက ကြူကြူ ၊ ဖောရှော လို့ပဲ ထင်တတ်ကြလို့ပါ… ချက်တင်လို့ဆိုတာနဲ့ အလကားပါကွာ ဆိုတဲ့အသံ အရင်ကြားရတာပါ… အဲလိုပြောတတ် ၊ ထင်တတ်တဲ့သူတွေက အွန်လိုင်းကနေ တကယ် ခင်ရ ၊ ချစ်ရတဲ့သူ မတွေ့ဖူးသေးလို့ပါ… ကျနော့်မှာတော့ အွန်လိုင်းကနေ တကယ်ခင်မင်ရတဲ့ သူငယ်ချင်းတွေ ရထားတဲ့အတွက် သူတို့ပြောသလို ချက်တင်ဆိုတာ အလကားလို့ ကျနော် မသုံးရဲပါဘူး… ကဲ ကျနော် ခင်ရတဲ့သူလေးတွေကို အသက်အလိုက် ရေးပြသွားမယ်နော်… ပထမဆုံးတစ်ယောက်ကတော့ ချင်းဂု ပါ… သူနဲ့ ကျနော် ခင်တာ ၂ နှစ်ကျော်ပါပီ… မှတ်မှတ်ရရ သူနဲ့ခင်တာ သူ ပညာသင်သွားတဲ့ နှစ် ၊ ကျနော် [ READ MORE ]

My Cupid, Thinzar Phyo

ကျနော့်သူငယ်ချင်းလေးတစ်ယောက်က သူစိတ်ဝင်စားနေတဲ့ ကောင်မလေးအကြောင်း ကျနော့်ကို ရင်ဖွင့်တော့ ကျနော် ပြုံးမိတယ်… ကျနော့်ကို စိတ်ပူတတ်တဲ့ သူငယ်ချင်းမလေးသာသိရင် ဘယ်လိုပြောဦးမှာပါလိမ့် ဆိုပြီးပေါ့… ဟုတ်တယ်… ကျနော့်မှာ ကျနော့်ကို စိတ်ပူတတ်တဲ့ သူငယ်ချင်းမလေးတစ်ယောက် ရှိတယ်… သူ စိတ်ပူတာက တခြားလူနဲ့ မတူဘူးဗျ… ကျနော်ပြောပြရင် လူကြီးမင်းတို့ မရယ်နဲ့ပေါ့ဗျာ… သူက ကျနော့်တစ်သက်တာ နားခိုစရာ သစ်ပင်တစ်ပင် ရှာမတွေ့မှာ စိုးသတဲ့လေ… သူက သူစိတ်ပူရတဲ့ အကြောင်းအရင်းကို ဒီလိုလေးပြောပြပါတယ်…။ ကျနော်ချစ်ခင်ရတဲ့ သူငယ်ချင်းလေးတို့ စုံတွဲနဲ့ ကျနော့်အပေါ် ဂျီကျတတ်တဲ့ သူငယ်ချင်းမလးတို့စုံတွဲ နှစ်တွဲကြားမှာ မြှားနတ်မယ် တစ်ဖြစ်လည်း ဖြန်ဖြေရေးသံတမန် လုပ်နေတဲ့ ကျနော့်အဖြစ်က သူ ကျနော့်အတွက် [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.