Archive for the ‘ အမှတ်တရ ’ Category

အမေနေ့ ( ပြာသိုလပြည့်နေ့ ) အမှတ်တရ

အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့ဆိုတာ တခြားနေ့တွေနဲ့ မခြား တူတူပါပဲ…. ဒါပေမယ့် ဒီပြာသိုလပြည့်နေ့ကို အမေနေ့ဆိုပြီး သတ်မှတ်လိုက်တဲ့အခါ အမေ့ကို တခြားနေ့တွေထက် ပိုပြီး အလေးအနက် ပြုမိပါတယ်…. ကိုယ်တိုင်တင် မဟုတ်ဘဲ တခြား သတိမထားမိသူတွေကိုလည်း ပြောပြ သတိပေးဖြစ်ပါတယ် …. အမေနေ့မှာ အမေနဲ့ပတ်သက်ပြီး တစ်ခုခု ရေးချင်ပါတယ် …. ဒါပေမယ့် ရေးနိုင်စွမ်းမရှိလို့ အမေနဲ့ ပတ်သက်ပြီး စုလို့ရသမျှ သီချင်းလေးတွေကိုပဲ အမှတ်တရအဖြစ် တင်လိုက်တာပါ…. ၁)   ကောင်းကင်မေမေ ၂)   အမေ့ရဲ့ ဆန္ဒ ၃)   မြင့်မိုရ်ထက်မြင့်သော ၄) [ READ MORE ]

ဖြူလေးလွမ်းခိုင်းတဲ့ ကလေးသမိုင်း

     မနေ့က ရုံးပိတ်ရက်ဆိုတော့ အိမ်မှာ လိုအပ်တာလေးတွေဝယ်ဖို့ အမေနဲ့တူတူ မြို့မဈေးဘက်က ယဉ်ယဉ်စတိုးကို လိုက်သွားလိုက်တယ် …. ကိုယ်ဖို့လည်း လိုတာလေးတွေရှိရင် ညာတာပါတေးနဲ့ အမေ့ကိုဝယ်ခိုင်းဖို့ပေါ့… ပြောရရင်လည်း ရှက်ဖို့ကောင်းပါတယ် …. အသက်သာ နှစ်ဆယ်ကျော်ပြီးလို့ လေးနှစ်ကြီးများတောင်ပြည့်ပြီးသွားတာ ခုထိ အဖေနဲ့ အမေ့ကို ဒုက္ခပေးလို့ ၀သေးတာ မဟုတ်ဘူး …. ဒါနဲ့တောင် သမီးပုခုံးက ကောင်းပါတယ်အမေရဲ့ ဆိုပြီး အမေတို့ စိတ်ချမ်းသာအောင် ရွှီးတတ်သေးတာ…. မိဘဆိုတော့ ကိုယ့်သားသမီး ရွှီးနေတာလား တကယ်လား သိတာပေါ့လေ … ဒါပေမယ့် နားထောင်ကောင်းတော့ ခပ်ပြုံးပြုံးပဲပေါ့ …. ကိုယ့်ကိုယ်ကိုလည်း နည်းနည်းပါးပါးတော့ သိပါတယ် … အသုံးမကျဘူးဆိုတာ… ဒါပေမယ့် ကိုယ့်ထက်ဆိုးတဲ့လူတွေ တပုံကြီးပါလေဆိုပြီး ရင့်ကျက်မလာတဲ့ ဖြေတွေးလေးနဲ့နေနေရတာပဲ … ခုလည်း [ READ MORE ]

အလတ်မ

လစာထုတ်ရက်နီးလာရင် လခများများစားစားမရပေမယ့် ချစ်ရတဲ့ မိသားစုလေးကို အနည်းနဲ့အများဆိုသလို လက်ဆောင်လေးတွေဝယ်ပေးနေကျမို့ ဒီလအတွက်ဘာလိုချင်လဲ လို့ အဖေရယ် ၊ အမေရယ် နဲ့ ကလေးတွေလို့ ချစ်စနိုးခေါ်ရတဲ့ ညီမလေးနှစ်ယောက်ရယ် ကို မေးလိုက်မိပါတယ် …. ဒါပေမယ့် ညီမအလတ်ကို တော့ ဘာလိုချင်လဲ လို့ မေးခဲသလို ၀ယ်လည်း ၀ယ်ပေးခဲပါတယ် .. ဘာလို့လဲဆိုတော့ သူက ကျွန်မထက်ပိုပြီး ပစ္စည်းတွေကို ၀ယ်တတ်တဲ့ အပြင် သူ့ဟာနဲ့သူ စုစုဆောင်းဆောင်းလေးလည်း ၀ယ်တတ်လို့ပါပဲ… ။ `ငါ့ ဆိုရင် အမြဲ ခွဲခြားခွဲခြားနဲ့… ကလေးတွေ ကလည်း ငါ့ ကို လိုမှ ပေါင်းတယ် ´ … တဲ့ ။ ကျွန်မညီမအလတ်မလေး ပြောနေကြစကားပါ …။ အဲလိုလေးပြောတော့လည်း ကျွန်မ တကယ်စိတ်မကောင်းပါဘူး…..။အင်းပေါ့လေ [ READ MORE ]

တူ နှင့် ပေ

တူ နှင့် ပေ တို့ဘ၀တွင် ပေဖြစ်စဉ်က သင်ထုရိုက်နှက် တူရိုက်ချက်သည် ရက်စက် ကမ်းကုန် ငရဲပြည်….။ လောကတလှည့် ပြောင်းလဲဘိ၍ သင့်အလှည့်ကျ ပေဘ၀တွင် တို့နိုင်သူ အားမာန်ယူ၍ တူကို အဝေး ပစ်လိုက်၏….။ (ဒေါက်တာ ထီလာစစ်သူ) မွေးနေ့မှာ ဘလော့ကို လည်လည်လာတဲ့ မိတ်သဟာတွေကို အမှတ်တရ ဘာပြန်ပေးရမလဲ လို့ စဉ်းစားလိုက်တော့ ရုတ်တရက် ထွက်မလာဘူး …. နောက် ဟိုစာအုပ်လှန် ၊ ဒီစာအုပ်လှန်ကြည့်နဲ့ ကိုယ်နှစ်သက်တဲ့ စာတွေကူးမှတ်ထားတဲ့ စာအုပ်လေးကို လှန်လှောရင်း ဒီကဗျာလေးကို တွေ့တာနဲ့ အမှတ်တရ လက်ဆောင်ပြန်ပေးရင် ကောင်းမယ်လို့ တွေးမိတာကြောင့် တင်ပေးလိုက်တာပါ … တော်တော်များများ ကြားဖူးပြီးသား ဖြစ်နိုင်ပါတယ် … ဒါပေမယ့် ဘယ်နှစ်ခါ ဖတ်ဖတ် မရိုးတဲ့အပြင် စိတ်လေးထားတတ်အောင်ပါ သင်ပေးတဲ့ ကဗျာလေးတစ်ပုဒ်မို့ လက်ဆောင်ပေးဖို့ ရွေးချယ်မိတာပါ … You are either [ READ MORE ]

အဖတ်တင်တာပေါ့

သူသိပါစေသား မေတ္တာကို သစ္စာပြုလို့ ပန်ဆင်ဖို့ပေး တို့များက မိန်းကလေး ယူလိုက်က အထင်သေး မယူလိုက်က အနေဝေး ဆွေးဆွေးမြေ့မြေ့ ချစ်နေတာ စတွေ့တည်းကပါ ငြင်းပယ်လိုက်တာ ဟန်ဆောင်စကား သူသိပါစေသား…။ ဒီကဗျာလေးကို တွေ့တုန်းက ကိုယ်ကိုယ်တိုင် ဖတ်ပြီးပြုံးမိသွားတယ်လေ..။ ဒါနဲ့ပဲ ကျောင်းကသူငယ်ချင်းတွေကို ပြရင် သူတို့လည်း ပြုံးတုံးတုံးဖြစ်သွားမှာ ပဲ ဆိုပြီး စာအုပ်ထဲမှာ ကော်ပီကူးယူထားလိုက်တယ်…။ နောက်နေ့ ကျောင်းရောက်တော့ တွေ့သမျှသူငယ်ချင်းတွေကို ပြတော့တာပဲ….´ဖတ်ကြည့် ၊ ဖတ်ကြည့် ၊ ဒါလေးကောင်းတယ် ´ ဆိုပြီး….။ အဲဒီမှာသူငယ်ချင်းတစ်ယောက် က သူ့ကိုအဖြေပေးပါတယ် လုပ်လို့ … မဟုတ်ပါဘူး ဆိုပြီး မနည်းရှင်းယူရတယ်….။ ဘေးကသူငယ်ချင်းတွေကလည်း ၀ိုင်းပြောတယ်….. ။ နင်ကလည်းဟယ် ဘာဖြစ်လဲ .. အဖတ်တင်တာပေါ့တဲ့….။ ကောင်းရော..။ မိုးထက်အိမ် March 19, 2009 10:56am [ READ MORE ]

ဘကြိုင်တို့ရွာ

“လေးကြိုင်ရေ…လေးကြိုင်” အိမ်ရှေ့မှာ စွာကျယ်ကျယ်စွာကျယ် လာအော်ခေါ်နေသောအသံကြောင့် အိပ်ရာထဲခွေခေါက်နေရာမှ ခေါင်းထောင်ထကြည့်မိသည်။ “အယ်ဗျာ” မဖြစ်ဖူးပုန်းနေဦးမှပဲဆိုပြီး အသံပြန်မပေးပဲ ငြိမ်နေလိုက်သည်။ မငြိမ်လို့မရပေ ။ ဒွေးလေးမေကျော် အကြွေးတောင်းခိုင်းလိုက်တယ်ထင်ပါ့ ။ အိမ်ရှေ့မှာ ဒွေးလေးမေကျော်ရဲ့တူးမလေးလရောင်ရယ် အိပ်ထဲပြူတစ်ပြူတစ်လာကြည့် နေလေ၏။ “လောလောဆယ်ဘိုင်ကျနေပါတယ်ဆိုနေဗျာ..ဒီဒွေးလေးနယ် ကလေးမလေးကိုအကြွေးတောင်းခိုင်းရတယ်လို့ ” “ဟွန့်” စိတ်ထဲမှဒေါခွီးနေမိသည်။ဒီကလေးမလေးတွေမလွယ်ပေ။လူကြားသူကြားထဲလဲ“လေးကြိုင်..လေးကြိုင် ဒွေးလေးကအကြွေးပြန်ဆပ်ပါတဲ့” ဆိုပြီး လိုက်တောင်းတတ်လေသည်။ ဒွေးလေးမေကျော်မှာ တူမလေးနှစ်ယောက်ရှိ၏ ။ လရောင်ဆိုတဲ့ ချာတိတ်မနဲ့ ဖြူလေးဆိုတဲ့ ချာတိတ်မလေးတွေပေါ့ … ကိုယ့် မှာဒွေးလေးအကြွေးကြောင့် သာသူတို့ ရှောင် နေရတာ.. ဒီငတိမလေးနှစ်ကိုထိပ် “ဂေါက်” ဆိုပြီး နာနာခေါက်ချင်သား…. ဟိုတနေ့ တုန်းကလည်း ရွာနံဘေးကချောင်းစပ်မှာ ရေခပ်ဆင်းလာမယ့် အပျိုလေးတွေငမ်းရင်း ခြင်းခတ်နေတုန်း ငတိမလေးနှစ်ယောက် ဘယ်ကနေလမ်းမှားလာလည်း မသိပါဖူး (ရွာရိုးကုန်းပေါက် လျှောက်ဆော့ နေတာကိုး) ခြင်းဝိုင်းနားရောက်လာပါလေရောလား။ ပထမတော့သတိမထားမိချေ။ ငမ်းကြောနှင် [ READ MORE ]

ပိုး

“စာဗျို့ ၊ စာ ၊စာ” ဆိုတဲ့ စာပို့သမားရဲ့ အသံကြားတော့ ကျွန်မ အိမ်ရှေ့ကို အမောတကော ပြေးလာမိတယ်… ဒီတစ်အိမ်လုံးမှာ စာပို့သမားကို ၀မ်းသာအားရ ကြိုဆိုတာ ကျွန်မ တစ်ယောက်ပဲ ရှိတယ်… လာသမျှ စာတွေအားလုံးကလည်း ကျွန်မတစ်ယောက်တည်းကိုပဲ လိပ်မူပြီး လာတယ်လေ… ဒဲလိုစာတွေလာတာ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးတဲ့ Best တို့ ၊ Light တို့လို မဂ္ဂဇင်းလေးတွေ ကျေးဇူးကြောင့်ပေါ့… အဲဒီမဂ္ဂဇင်းလေးတွေက အင်္ဂလိပ်-မြန်မာ လစဉ်ထုတ်မဂ္ဂဇင်းလေးတွေလေ… ကဗျာ ၊ ပုံပြင် ၊ အက်ဆေး ဘယ်လို စာမျိုးပဲ ဖြစ်ဖြစ် စာတစ်ပုဒ်တစ်ပုဒ်ကို အင်္ဂလိပ်လိုရော ၊ မြန်မာလိုပါ ဖော်ပြပေးတယ်… စာမူပို့တဲ့လူကလည်း ကိုယ့်စာမူကို အင်္ဂလိပ်လိုရော မြန်မာလိုရော ပို့ပေးရတယ်… အင်္ဂလိပ်စာရော ကဗျာပါ [ READ MORE ]

အွန်လိုင်းမှ ကျနော် တန်ဖိုးထား ခင်မင်ရသောသူငယ်ချင်းများ

တန်ဖိုးထားခင်မင်ရသောလို့ ကျနော် တမင် သုံးလိုက်တာပါ.. ဘာလို့လဲဆိုတော့ အွန်လိုင်းဆိုရင် တော်တော်များများက ကြူကြူ ၊ ဖောရှော လို့ပဲ ထင်တတ်ကြလို့ပါ… ချက်တင်လို့ဆိုတာနဲ့ အလကားပါကွာ ဆိုတဲ့အသံ အရင်ကြားရတာပါ… အဲလိုပြောတတ် ၊ ထင်တတ်တဲ့သူတွေက အွန်လိုင်းကနေ တကယ် ခင်ရ ၊ ချစ်ရတဲ့သူ မတွေ့ဖူးသေးလို့ပါ… ကျနော့်မှာတော့ အွန်လိုင်းကနေ တကယ်ခင်မင်ရတဲ့ သူငယ်ချင်းတွေ ရထားတဲ့အတွက် သူတို့ပြောသလို ချက်တင်ဆိုတာ အလကားလို့ ကျနော် မသုံးရဲပါဘူး… ကဲ ကျနော် ခင်ရတဲ့သူလေးတွေကို အသက်အလိုက် ရေးပြသွားမယ်နော်… ပထမဆုံးတစ်ယောက်ကတော့ ချင်းဂု ပါ… သူနဲ့ ကျနော် ခင်တာ ၂ နှစ်ကျော်ပါပီ… မှတ်မှတ်ရရ သူနဲ့ခင်တာ သူ ပညာသင်သွားတဲ့ နှစ် ၊ ကျနော် [ READ MORE ]

သူငယ်ချင်းတစ်ယောက်အကြောင်း-၂

ကထိန်နဲ့ပတ်သက်တာလေးနည်းနည်းပြောပြမယ်… ပလန်းနက်ကထိန်ဖို့ အလှုခံတုန်းကပေါ့… ကျနော့်ရုံးကလူတွေကိုလည်း အလှုခံပေးဖြစ်သေးတယ်လေ.. သူတို့လည်း သူတို့တတ်နိုင်သလောက်လေးထည့်တာပေါ့… ပြောစရာက ကျနော့်ရှေ့ခုံမှာ ထိုင်တဲ့သူငယ်ချင်းက ဘာသာခြားဗျ.. သူ့ကို အလှုခံရကောင်းမလား မကောင်းလား စဉ်းစားရင်း..နောက်ဆုံးတော့ အော် မလှုတော့လည်းအရင်းပေါ့ လှုတော့လည်း အမြတ်ပေါ့ ကိုယ့်စိတ်ရင်းကမှန်နေတာပဲဆိုပြီး သွားအလှုခံလိုက်တာ.. သူက ဘာအတွက်လဲတဲ့ .. ကျနော်လည်း မေးလ်ပို့ထားတယ်လို့ ဖတ်လိုက်ပါဦးလို့ ဆိုပြီး သူဖတ်တာကို စောင့်နေလိုက်တယ်.. သူက စစချင်း ကထိန်ဆိုတာကို မြင်လိုက်တော့ အော် ကထိန်လား မထည့်တော့ပါဘူးညီမရယ်တဲ့.. ကျနော်လည်း ဟုတ် ရပါတယ်၊ ကျေးဇူးပါ ဆိုပြီး ပြုံးပြုံးလေးပဲ ပြန်ပြောပြီး ပြန်လှည့်ထွက်ကာနီးမှာ သူက အော် ကလေးတွေဖို့ရော ပါတာလားတဲ့.. ကလေးတွေဖို့ထည့်လိုက်မယ်နော် တဲ့.. သူထည့်လိုက်တဲ့ အလှုငွေက မများပါဘူး.. [ READ MORE ]

စန္ဒာသူရိယ

ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်က ဘာလဲ.. ဗုဒ္ဓဘာသာရဲ့ အခြေခံအကျဆုံးက ဘာလဲ.. ဘာလို့ ဘုရားရှင်ရဲ့ တရားဦးက ဓမ္မစကြာဖြစ်နေတာလဲ.. ဘာလို့ ပဉ္စ၀ဂ္ဂီငါးဦးက တရားဦး ဟောခံရတဲ့သူတွေ ဖြစ်နေတာလဲ.. လောကဓံရှစ်ပါးကဘာလဲ.. စသည် စသည် မေးခွန်းတွေက ကျနော် စန္ဒာသူရိယ ဆိုတဲ့ ဘာသာရေးဘလော့လေးမှာ ရေးတည်းက တစ်နေ့မဟုတ် တစ်နေ့ အမေးခံနေရတဲ့ မေးခွန်းတွေပါ… ဒီဘလော့လေးမှာ ရေးတယ်ဆိုတာလည်း ကျနော် သိနေ တတ်နေလို့ ရေးတာ မဟုတ်ပါဘူး… ကိုယ်သိသလောက်လေးကို ရှယ်ချင်လို့ရေးခဲ့တာပါ…. စရေးမယ် ဆိုတည်းက ကိုသူရိယကိုပြောပါတယ်… ကျနော် ဘာမှ မတတ်ဘူးနော်လို့ … ခင်များပဲ ဦးဆောင်ရမှာလို့… ဒါပေမယ့် ဒါက လူတိုင်းကိုပြောဖြစ်တဲ့စကားမှ မဟုတ်တာ… အဲဒီတော့လည်း မေးချင်တဲ့သူတွေက ကျနော်များ သိလေမလားလို့ မေးတော့တာပေါ့လေ…. တတ်သိသလောက်တော့ ပြန်ဖြေပေးမှာပါ… မသိရင်တော့လည်း မသိဘူးလို့ပြောလိုက်ယုံပေါ့လေ…. [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.