Archive for the ‘ ဆောင်းပါး ’ Category

ပခုက္ကူ ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံ

သားထုတ်ဂူ မှ ပခုက္ကူ အလောင်းစည်သူဘုရင်မင်းမြတ် သက္ကရာဇ် ( ၄၅၄ ) သည် ဖောင်စင်္ကြာနှင့် ဧရာဝတီမြစ်နဒီတွင် ခရီးလှည့်ခဲ့ဘူးသည်၊ မင်းမြတ်နှင့်တကွ မောင်းမမိဿံ အခြွေအရံများစွာ ပါဝင်သည်၊ ထို အခြွေအရံများအနက် ကိုယ်ဝန်ရှိနေသော မောင်းမတစ်ဦး( တနည်း မယ်စိမ့်ညို )သည် ပေါက်အင်းအနီး ဆိုက်ရောက်သည်တွင် တံငါလုလင်တို့ကိုမြင်၍ မိန်းမကောင်းတို့၏ ဣနြေ္န ကို ဖောက်ဖျက်လျက် နှစ်သက်သည့် အသွင်ဖြင့် ရယ်သွမ်း၏၊ ထိုအခြင်းအရာကို မြင်သော အလောင်းစည်သူသည် ဒေါသအမျက်ပွက်ဆူ၍ ကျိန်စင်္ကြာဖြင့် ရိုက်နှက်ရာ လက်လွန်ကာ အသက်ဆုံးရှုံး ကံကုန်ရှာလေသည်။ အလောင်းကို ဖောင်စင်္ကြာပေါ်တွင် ခွဲစေရာ သားသူငယ်အလောင်းကိုတွေ့၏။ ဘုရင်တို့ထုံးစံအတိုင်း ဖောင်တော်ဆိုက်ကပ်၍ ရွှေဂူဘုရား တည်မည့်နေရာတွင် အခမ်းအနားဖြင့် ဈာပနပွဲကျင်းပလျက် သားငယ်အလောင်းကို အုတ်ဂူပြုလုပ်၍ ထားခဲ့သည်။ သားကိုထုတ်၍ [ READ MORE ]

အနီးမှာလား အဝေးမှာလား

ချမ်းကို တစ်ယောက် သူ့အိမ်လေးမှာ နေရထိုင်ရတာ ငြီးငွေ့လာတယ်…ဒီအိမ်ကို ရောင်းပြီး ခုလက်ရှိအိမ်ထက် ကောင်းတဲ့ အိမ်လေးတစ်လုံးဝယ်ဖို့ စဉ်းစားမိတယ် …. အဲဒါနဲ့ ရောင်းဖို့ ကြိုးစားတယ်…. အချိန်သာ ကြာလာတယ် သူ့အိမ်လေးက ရောင်းမထွက်ဘူးဖြစ်နေတယ်…. နောက်ဆုံး အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ပြီး ရောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်….။ အကျိုးဆောင်ကုမ္ပဏီက ချမ်းကိုရဲ့အိမ်ကို မြန်မြန်ရောင်းနိုင်ဖို့ နာမည်ကြီး မဂ္ဂဇင်း တစ်ခုမှာ ကြော်ငြာထည့်တယ် … ကြော်ငြာထဲက ချမ်းကိုရဲ့ အိမ်လေးဟာ အရမ်းလှတယ် ၊ ဆွဲဆောင်မှုတွေနဲ့ ပြည့်ဝနေတယ် … ဒီအိမ်လေးနဲ့အတူ ရင်သပ်ရှုမောဖွယ် ပန်းဥယျာဉ်လေးတစ်ခုပါကြောင်းကိုလည်း ကြော်ငြာထဲမှာ ရေးသားဖော်ပြထားတယ်….။ ချမ်းကိုတစ်ယောက် ကြော်ငြာကို မြင်မြင်ချင်းပဲ စေ့စေ့စပ်စပ်ဖတ်လိုက်တယ် …. အဲဒီနောက် အကျိုးဆောင် ကုမ္ပဏီဆီကို အောက်ပါအတိုင်း ဖုန်းဆက်ပြောလိုက်တယ်…။ “အားတော့ နာပါတယ် [ READ MORE ]

Talking, Blogging

“အမ chatting သင်ပေးတယ် မလား” ကျွန်မ အလည်ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက် အလုပ်လုပ်တဲ့ ကွန်ပျူတာ စင်တာ တစ်ခုမှာ အင်တာနက် ၊ အီးမေးလ် သင်တန်းလာအပ်တဲ့ သင်တန်းသားလေးတွေအသံ … ကျွန်မ သူတို့လေးတွေကို လှမ်းကြည့်လိုက်မိတယ် … သူတို့လေးတွေ ကြည့်ရတာ ခုမှ ဆယ်တန်းဖြေထားပြီးပုံလေးတွေ … ဘာသင်တန်းတတ်ရမယ်လည်း မသိလို့ ခုခေတ် ခေတ်စားနေတဲ့ အင်တာနက် ဆိုတာကိုပဲ တက်ဖို့ စဉ်းစားပြီး လာတတ်တဲ့ပုံ … ဟုတ်တော့လည်း ဟုတ်တယ် … ခုခေတ်မှာ အင်တာနက်လေးမှ မသုံးတတ်ရင် ခေတ်နောက်ကျတယ် အပြောခံရမယ်လေ… ဆိုတော့လည်း ကွန်ပျူတာနဲ့ အလှမ်းဝေးသူတွေ အဖို့ အင်တာနက်ဆိုတာကိုလည်း သင်တန်းတစ်ခုလိုပဲ တတ်ရတာကို မပြောချင်ပေမယ့် chatting သင်ပေးတယ် မလား လို့ [ READ MORE ]

ပညာရပ် တစ်ခုအတွက် Self_Study

“ဆရာမ ဒီပုဒ်စာလေးဘယ်လိုတွက်ရမလဲဟင်” “ဟမ် နင်ဒါလေးတောင် မသိဘူးလား” “ဒေါက်” “ကဲ … ကျောက်သင်ပုန်း ပေါ်ကဟာလိုက်ကူး” “အဲ့ဒါကို အလွတ်ကျက်” “ဒါဆိုအောင်ပြီ” “ဂုဏ်ထူးထွက်ချင်ရင် ….. ” သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိ ဒါကျက်ရင် အောင်ပြီဆိုတဲ့ စိတ်နဲ့ ကြီးပြင်းလာခဲ့ရတော့ self-study ဆိုတာဘာမှန်းကိုမသိတော့တာ ပညာရပ်တစ်ခုကို လေ့လာတော့မယ်ဆိုရင် (ကျနော်ထင်တာပြောကြည့်မယ်နော်) ဆရာကောင်း – Self-study လို့ဆိုလိုက်တာနဲ့ ဆရာတွေရဲ့ အခန်းကဏ္ဍက ၁၀၀% အရေးပါပါတယ်။ ဆရာကောင်းနဲ့တွေ့ဖို့က အရေးအကြီးဆုံးပါပဲ။ အခြေခံကို ပိုင်နိုင်အောင်မသင်ပေးနိုင်ရင်တောင်မှ တီးမိခေါက်မိရုံလောက်တော့ သင်ပေးနိုင်ရပါမယ်။ အခြေခံလေးကို သဘောပေါက်ထားရင် နောက်ပိုင်းအားလုံးလွယ်ကူသွားပါပြီ။ Resourse တွေပြပေးနိုင်တဲ့ဆရာဖြစ်ရပါမယ် … ဘာလိုရင်ဘယ်မှာရှာ ဆိုတာမျိုးပေါ့။ အဲ့ဒါလေးတစ်ခုတော့ အရေးကြီးတယ်ထင်တာပဲ။ ဆရာကောင်းတွေ့ဖို့ဆိုတာတော့ ကိုယ့်ရဲ့ကံပေါ့။ အဲ့ဒါကြောင့် ရှေးလူကြီးတွေရေးခဲ့တဲ့ ဆုတောင်းစာတွေထဲမှာ ဆရာသမားကောင်းနှင့် ဆုံရပါလို၏ လို့ပါတာပေါ့။ ကိုယ်နကန်းတစ်လုံးမှ မသိတဲ့ နယ်ပယ်တစ်ခုကို Self-study [ READ MORE ]

အလွှာ

´မွှေးမွေးရေ ၊ ဒီဟင်းလေးက မှိုနည်းနည်းတတ်နေတယ် ၊ အဲဒါလေးနွေးစားလိုက် ၊ ဂျက်ကီကို မကျွေးနဲ့နော် ၊ ရောဂါရလိမ့်မယ်´ ကျွန်မ အလည်ရောက်နေတဲ့ အိမ်ရှင်အန်တီက သူ့အိမ်အကူလေးကို ပြောတဲ့စကားပါ… အဲဒီ အိမ်ရှင်အန်တီက ဆရာဝန်တစ်ယောက်ဆိုရင်လည်း မမှားသလို ၊ အလှုအတန်း ရက်ရောတဲ့သူတစ်ယောက်လို့ပြောမယ်ဆိုရင်လည်း ပြောလို့ရတဲ့သူတစ်ယောက်ပါ… အဲလိုလူတစ်ယောက်က အိမ်အကူလေးကိုတော့ မှိုတတ်နေတဲ့ဟင်း စားခိုင်းပြီး ခွေးကလေးကိုတော့ မကျွေးပါနဲ့တဲ့ …. မှိုတတ်နေတဲ့ ဟင်းစားရင် ရလာမယ့် ဆိုးကျိုးတွေ ၊ လူ့အသက်တစ်ချောင်းဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာတွေကို ကျွန်မတို့ထက် ပိုသိတဲ့ အန်တီရဲ့ မျက်စိထဲမှာ လူ့အသက်တစ်ချောင်းဟာ ဒီအိမ်မွေးခွေးလောက်တောင် တန်ဖိုးမရှိတော့ဘူးလား… ကျွန်မ ဆက်စဉ်းစားမိတယ်… ဒီလိုပြောထွက်ဖို့ သူ့ကို ဘယ်အရာတွေက တွန်းအားပေးသလဲ ဆိုတာကိုပေါ့…. အဆင့်အတန်းတွေ ၊ ဂုဏ်တွေ ၊ [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.