Archive for the ‘ တွေးမိတွေးရာ ’ Category

ရောဂါ

ခဲတံ .. ဟောတော် ခဲတံက မေ့နေခဲ့ပြန်ပြီ…. အဲလို ကိုယ်သုံးနေကျ ပစ္စည်းတစ်ခုခု ပါမလာဘူး ၊ မေ့ကျန်ခဲ့တယ်ဆိုရင် စိတ်ထဲမှာ ခိုးလိုးခုလုနဲ့ ဘာဖြစ်မှန်းမသိဘူး … ဘာဖြစ်လို့များ မေ့ကျန်ခဲ့ပါလိမ့် … ဒီလောက်တောင်ပဲ ပေါ့ဆရသလား … သေသေချာချာကို ထည့်ဖို့ ထုတ်လိုက်ပါတယ် … ခုတော့ မှတ်မှတ်ရရကို မေ့ကျန်ခဲ့ပြီ …. စသည် စသည် တွေးရင်း စိတ်ထဲ ဘဝမကျနိုင်ဘူး … အမှန်တော့ ရောဂါပဲနော်… ခဲတံ မပါလည်း ဘောပင်နဲ့ ရေးလိုက်ပေါ့ … အဲဒါကို ဘောပင်ကိုင်လိုက်တိုင်း ခဲတံဆီ စိတ်ရောက်သွားပြီး ဘာဖြစ်လို့များ မေ့ကျန်ခဲ့ရပါလိမ့်နဲ့ တစ်ကျော့ပြန်တွေးမိပြန်ရော …. ခုကို ခဲတံမေ့ခဲ့တာကို စိတ်ထဲက မထုတ်နိုင်လို့ စာရေးမိပြီ [ READ MORE ]

ကဲ …… ဗျာ

ခုတလောဗျာ …. ဘာဖြစ်နေတယ် မသိဘူး … အားလုံးက လွှတ်တင်နေကြတာပဲ …. မနက်စောစောဗျာ ဂျီတော့ခ်လေးမှ ဖွင့်ကာစရှိသေးတယ် … လူကို လာပြောတယ် ဒီဘလော့ကစာတွေက ကိုယ်တိုင်ရေးတာလားတဲ့ … ယုံရမှာတော့ ခက်တတ်တတ်တဲ့ … အွန် … ယုံအောင် အိမ်မှာ အကြမ်းလျှောက်ခြစ်ထားတဲ့ စာရွက်တွေ ယူပြရမယ့်ကိန်းနော်… ခက်တော့ ခက်နေပြီ … ကျနော့် သူငယ်ချင်း အရင်းခေါက်ခေါက်တွေရေးတဲ့ စာတွေ ဖတ်ဖူးရင် ဘယ်လိုများနေမယ် မသိ…. သူတို့ စာတွေဆို မဂ္ဂဇင်းတွေမှာတောင် ပါတယ် … ကျနော်သာ အဲလို ရေးနိုင်စွမ်း မရှိလို့ ဒီလောက်လေးနဲ့တင် စိတ်ဖြေနေရတာ … အင်းပေါ့လေ … ကျနော့်ပုံကလည်း အဲလို စာတွေ ရေးမယ့်ပုံမှ [ READ MORE ]

လမ်းသွား လမ်းလာ အတွေ့အကြုံများ

(၁) “အိုက်လိုက်တာ အမရာ ၊ လာဗျာ ၊ အပြင်ထွက် လမ်းလျှောက်ရအောင် “ အခန်းဖော် အမကို ခေါ်ပြီးလမ်းလျှောက်ထွက်ခဲ့တယ်…. မီးကပျက် အိုက်ကအိုက်နဲ့ဆိုတော့ စာကလည်းဖတ်လို့ မရ ၊ အိပ်ကလည်း မအိပ်ချင်သေးဘူးဆိုရင် အဆာင်ပိတ်ချိန် (၉)နာရီလောက်ထိ ခုလိုပဲ ဟိုနား ဒီနား လမ်းထွက်လျှောက်တာ အကျင့်လိုကို ဖြစ်နေပြီ …. ရတနာပုံဈေးကြီး မီးမလောင်ကတော့ SkyWalk ပေါ်ဟိုဟို ဒီဒီ လျှောက်ပတ်ကြည့်တာပေါ့…. air con လေးနဲ့ဆိုတော့ အေးလည်း အေး ၊ အအိုက်လည်းပြေ ၊ ပစ္စည်းလေးတွေလည်း ဟိုငေးဒီငေး ငေးလို့ရတယ်လေ… ခုတော့ ရတနာပုံဈေးကလည်း မီးလောင်ထားတာဆိုတော့ အဲဒီဘက်သွားလို့မရတော့ဘူး ဆိုတော့ကာ (၇၈) လမ်း ကုန်းကျော်တံတားဘက် ထွက်လာခဲ့တယ်….. ဒီဘက်လေးကတော့ လမ်းမီးလေး ဘာလေးနဲ့ [ READ MORE ]

ကျွန်မ ရှင်သန်ရာ အွန်လိုင်းစာပေလောက

အမှန်အတိုင်းပြောရရင် စာဆိုတာ ဖတ်ရကောင်းမှန်း ကျွန်မ မသိပါဘူး… ဖတ်ရကောင်းမှန်းတောင် မသိတာ ရေးရကောင်းမှန်း သိဖို့ ၊ ရေးတတ်ဖို့ ဆိုတာအဝေးကြီးမှာပါ… အဲလို အခြေအနေမျိုးနဲ့ ကျွန်မကို စာဖတ်တတ်ဖို့ အစဖော်ပေးခဲ့သူကတော့ ကျွန်မ အဘိုးပါ…ကျွန်မ ၃ ၊ ၄ တန်းအရွယ်လောက်က နွေရာသီကျောင်းပိတ်ရက် ရောက်ပြီဆိုရင် မိဘတွေက ဘိုးဘွားတွေ ရှိတဲ့ ရေစကြိုမြို့ကို ပို့ပေးထားပါတယ်… အဲဒီရေစကြိုအိမ်မှာ ကျွန်မကလွဲရင် အားလုံးက လူကြီးတွေချည်းပါပဲ … အဲဒီတော့ အဘိုးက ကျွန်မ မပျင်းအောင် ဆိုပြီး ရွှေသွေး ၊ မိုးသောက်ပန်း ၊ မင်္ဂလာမောင်မယ်နဲ့ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်ကာတွန်း စာအုပ်လေးတွေ ဖတ်ဖို့ပေးပါတယ်… ကစားဖော်မရှိတဲ့ ကျွန်မအတွက် အဘိုးပေးတဲ့ စာအုပ်တွေက နွေရာသီ ၃ လအတွင်း [ READ MORE ]

ကိုယ်ယုံကြည်ရာ

“သစ္ဆေ ၊ သရဲ ရှိတယ်ဆိုတာ ယုံလား” “ဗေဒင် ဆိုတာကို ယုံလား” “အဲဒီလူကို ယုံလား”      အဲလိုမေးလိုက်ရင် အင်း၊ ယုံတယ် လို့ ကိုယ်ယုံကြည်တယ်ဆိုတာ ပြတ်ပြတ်သားသားသိပြီး ဖြေတဲ့လူ ရှိမယ် … ဟင့်အင်း ၊ မယုံ လို့ ကိုယ်မယုံကြည်ကြောင်း ပြတ်ပြတ်သားသားသိပြီး ဖြေတဲ့လူ ရှိမယ် … အင်း ၊ မပြောတတ်ပါဘူး ဆိုပြီး ကိုယ်ယုံကြည်လား ၊ မယုံကြည်လား ကွဲကွဲပြားပြား မသိဝါးတားတား ဖြေတဲ့လူလည်း ရှိတယ် … ဒီယုံကြည်ဆိုတဲ့ စကားလုံးလေးဟာ အသုံးလည်း များသလို ၊ အဓိပ္ပါယ်လည်း တော်တော်နက်ရှိုင်းပါတယ် … ဒီစကားလုံးလေးကြောင့်ပဲ လူနှစ်ယောက်ဟာ မိတ်ဆွေတွေ ဖြစ်သွားနိုင်သလို ၊ ရန်သူတွေလည်း ဖြစ်သွားနိုင်ပါတယ် … မယုံရင် [ READ MORE ]

Broken Reeds !

Broken Reeds ! အဲလို အပြောခံလိုက်ရချင်း ပထမဆုံး ကျနော် လုပ်ရတဲ့ အလုပ်က ဒါ ဘာအဓိပ္ပါယ်လဲ လို့ပေါ့… ပြောတဲ့လူက တော်လို့ အဲလို ပြောနိုင်ပေမယ့် နားထောင်တဲ့ ကျနော်က ညံ့တော့ ချက်ချင်းနားမလည်ဘူးလေ… အဲဒါနဲ့ နီးစပ်ရာ dictionary ပြေးလှန်ရတယ်… အဟိ…. အဖြစ်က မနှစ်ကနဲ့ မတူ ဆိုတာ ဒါမျိုးပေါ့ …. တွေ့လိုက်ပါပြီ မယုံကြည်ထိုက်သော ၊ အားမကိုးထိုက်သော တဲ့ … ပြောတဲ့လူက အဲလိုပြောလိုက်တာ ဟုတ်မဟုတ်တော့မသိ …. ကျနော်ကတော့ အဲလိုပဲ နားလည်လိုက်တယ် … မယုံကြည်ထိုက်သော ….မယုံကြည်ထိုက်သော …. နောက် တစ်ခေါက်ရွတ်မိတယ် …. မယုံကြည်ထိုက်သော …. [ READ MORE ]

စာရေးခြင်းဟာ ကုသိုလ်လား အကုသိုလ်လား

တလောက ကျနော့်စိတ်ထဲကို အတွေးတစ်ခု ၀င်လာတယ်… ဘာအတွေးလဲဆိုတော့ သရုပ်ဆောင်တွေမှာ သရုပ်ဆာင်တဲ့ အလုပ်က သူတို့ကို အကုသိုလ်ဖြစ်စေတယ် ဆိုတော့လေ… စာရေးဆရာတွေကရော .. ??? … သိချင်လာတယ်… ကျနော်ကိုယ်တိုင်က စာတိုပေစလေး နည်းနည်းရေးတဲ့လူလည်း ဖြစ်ပြန် ၊ နဂိုကမှ ကုသိုလ်နဲ့ အကုသိုလ်ဆို အကုသိုလ် က အားသာနေတဲ့ ကျနော့် နေ့စဉ်ဘမှာ ထွက်ပေါက်အဖြစ်ရေးတဲ့ စာလေးတွေက အကုသိုလ် ဖြစ်စေတယ် ဆိုရင် … ??? … ခုနေများ ကျနော် သေရင် ဘယ်ဘ၀ရောက်မှာပါလိမ့်… အဟား … လူက နည်းနည်းကို မဟုတ်ဘူး … တော်တော်ကို ရူးချင်သွားတယ်… အဲဒါနဲ့ သိချင်စိတ်ကိုလည်း ထိန်းမထားနိုင်တော့တဲ့အတွက် နီးစပ်ရာတွေ လှမ်းမေးမိတယ်… ပထမဆုံးမေးမိတာတော့ [ READ MORE ]

ပိုး

“စာဗျို့ ၊ စာ ၊စာ” ဆိုတဲ့ စာပို့သမားရဲ့ အသံကြားတော့ ကျွန်မ အိမ်ရှေ့ကို အမောတကော ပြေးလာမိတယ်… ဒီတစ်အိမ်လုံးမှာ စာပို့သမားကို ၀မ်းသာအားရ ကြိုဆိုတာ ကျွန်မ တစ်ယောက်ပဲ ရှိတယ်… လာသမျှ စာတွေအားလုံးကလည်း ကျွန်မတစ်ယောက်တည်းကိုပဲ လိပ်မူပြီး လာတယ်လေ… ဒဲလိုစာတွေလာတာ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးတဲ့ Best တို့ ၊ Light တို့လို မဂ္ဂဇင်းလေးတွေ ကျေးဇူးကြောင့်ပေါ့… အဲဒီမဂ္ဂဇင်းလေးတွေက အင်္ဂလိပ်-မြန်မာ လစဉ်ထုတ်မဂ္ဂဇင်းလေးတွေလေ… ကဗျာ ၊ ပုံပြင် ၊ အက်ဆေး ဘယ်လို စာမျိုးပဲ ဖြစ်ဖြစ် စာတစ်ပုဒ်တစ်ပုဒ်ကို အင်္ဂလိပ်လိုရော ၊ မြန်မာလိုပါ ဖော်ပြပေးတယ်… စာမူပို့တဲ့လူကလည်း ကိုယ့်စာမူကို အင်္ဂလိပ်လိုရော မြန်မာလိုရော ပို့ပေးရတယ်… အင်္ဂလိပ်စာရော ကဗျာပါ [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.