Archive for the ‘ Essay ’ Category

ကျေးဇူးပြုပြီး င့ါကို လွမ်းပါကွယ်

နိုဝင်ဘာ (၁) ရက်နေ့ ကျမှ ဆောင်းဟာ ဘက်စ်ကားပေါ်က ဆင်းပြီး ရောက်လာသလိုမျိုး ရောက်ချလာတာပေါ့ ဟု ပြောခဲ့ဖူးသော မိန်းမတစ်ယောက်ကို လွမ်းသည် ။ သစ်ရွက်ခြောက်တွေ မီးရှို့သော ရနံ့ကိုလွမ်းသည် ။ အေးစိမ့်တဲ့ နှင်းငွေ့တွေကြားထဲမှာ ချစ်သူရဲ့ လက်ဖ၀ါးကို ကိုယ့်ပါးပြင်မှာ ကပ်ပြီး အနွေးငွေ့ပေးချင်တယ်ဟု (တစ်စုံတစ်ယောက်က) ရေးခဲ့ဖူးသော စာတစ်ပိုဒ်ကိုလွမ်းသည်။ ဆိတ်ဖလူးပန်းရနံ့တွေကို သယ်ဆောင်ယူငင်လာတတ်သော မြောက်ပြန်လေကိုလည်း လွမ်းသည် ။ သူ၏ သိုးမွေးဆွယ်တာ ဖြူဖြူလေးကိုလည်း လွမ်းပါသည် ။ သို့သော် ထိုအလွမ်းသည် ကျွန်တော် လွမ်းချင်နေသော အလွမ်းတွေလား ???? သူတစ်ပါးက ကျွန်တော့်ကို လွမ်းစေချင်နေသော အလွမ်းတွေလား??? ဆိုသည်ကိုတော့ သိပ်မသဲကွဲလှပါ ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့ကို (အခုလို အချိန်မျိုးတွင်) [ READ MORE ]

မိုးတိမ်များနှင့် ကတောက်ကဆ

ဒီနေ့ စောစောစီးစီးပဲ ရုံးကနေ ပြန်ရောက်တယ်… အိမ်အလုပ်ကလည်း ထွေထွေထူးထူး လုပ်စရာမရှိဘူး… စာအုပ်ဖတ်တာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်ကူးနဲ့ မနေ့ညက လက်စမသတ်လိုက်နိုင်တဲ့ စာအုပ်လေးကောက်ကိုင်ပြီး အိမ်ရှေ့ဒန်းဘက်ထွက်လာခဲ့တယ်… နေ့ခင်းက ရွာထားတဲ့ မိုးကြောင့် ဒန်းက ရေနည်းနည်းတော့ စိုနေတယ်… အိမ်ထဲပြန်ဝင်ပြီး အ၀တ်စုတ် ပြန်ယူရမှာလည်း ပျင်းတာနဲ့ ဒီတိုင်းပဲ ထိုင်ချလိုက်တယ်… နည်းနည်းပဲ စိုတာပဲ ကိစ္စမရှိပေါင်… စာအုပ်ကိုလည်း ဟုတ်တိပတ်တိ ဖတ်ချင်စိတ်က မရှိလှသေးတာနဲ့ ဟိုငေးဒီငေးငေးရင်း ဘာရယ်မဟုတ် ကောင်းကင်ကြီးကို မော့ကြည့်မိသွားတယ်… အဟား.. ကောင်းကင်ကြီးက ကြည်လင်လှပနေလိုက်တာများ နေ့ခင်းက သည်းကြီးမည်းကြီး မိုးတွေ ရွာချခဲ့တာ သူမဟုတ်တဲ့အတိုင်း… အဲဒါကြောင့်ပြောတာ ကောင်းကင်ကြီးက မာယာများပါတယ် လို့…. “မဟုတ်ပါဘူး ၊ မိုးတိမ်တွေက အပူချိန်ကြောင့် ရေတွေဖြစ်ပြီး ပြန်ကျလာတာ ၊ [ READ MORE ]

Marquee Content Powered By eTDS TechnoSys. Visit our Forums.