တန်ဖိုးထားခင်မင်ရသောလို့ ကျနော် တမင် သုံးလိုက်တာပါ.. ဘာလို့လဲဆိုတော့ အွန်လိုင်းဆိုရင် တော်တော်များများက ကြူကြူ ၊ ဖောရှော လို့ပဲ ထင်တတ်ကြလို့ပါ… ချက်တင်လို့ဆိုတာနဲ့ အလကားပါကွာ ဆိုတဲ့အသံ အရင်ကြားရတာပါ… အဲလိုပြောတတ် ၊ ထင်တတ်တဲ့သူတွေက အွန်လိုင်းကနေ တကယ် ခင်ရ ၊ ချစ်ရတဲ့သူ မတွေ့ဖူးသေးလို့ပါ… ကျနော့်မှာတော့ အွန်လိုင်းကနေ တကယ်ခင်မင်ရတဲ့ သူငယ်ချင်းတွေ ရထားတဲ့အတွက် သူတို့ပြောသလို ချက်တင်ဆိုတာ အလကားလို့ ကျနော် မသုံးရဲပါဘူး… ကဲ ကျနော် ခင်ရတဲ့သူလေးတွေကို အသက်အလိုက် ရေးပြသွားမယ်နော်…
ပထမဆုံးတစ်ယောက်ကတော့ ချင်းဂု ပါ… သူနဲ့ ကျနော် ခင်တာ ၂ နှစ်ကျော်ပါပီ… မှတ်မှတ်ရရ သူနဲ့ခင်တာ သူ ပညာသင်သွားတဲ့ နှစ် ၊ ကျနော် အလုပ်စ၀င်တဲ့နှစ်ပေါ့… အရွယ်တူလည်းဖြစ်ပြန် ၊ အင်တာနက်ဆိုတာကို စသုံးစမှာ ခင်ရတဲ့သူလည်း ဖြစ်ပြန် ၊ တစ်နယ်တည်းသားတွေလည်းဖြစ်ပြန်တော့ တော်တော်လေး ခင်သွားကြပါတယ်… ဘယ်သူတွေက သူတို့တွေကို မကောင်းဘူးပြောပြော အဲဒီလူတွေထဲမှာ ကျနော့်သူငယ်ချင်းမပါဘူးလို့ သူ့ဘက်က ခံပြင်းကာ အမြဲပြန်ပြောတတ်ပါတယ်… ကျနော် ကြွားတာတွေကို မညည်းမညူစွာ နားထောင်ပေးတတ်သလို … ကျနော် စိတ်ညစ်ရင်လည်း တရားဟောပြရ ၊ သီချင်းဆိုပြရနဲ့ ကျနော် စိတ်သက်သာရာရအောင် လုပ်ပေးတတ်တဲ့ သူငယ်ချင်းကောင်းလေးပါ…. ပုန်းရည်ကြီးစားရင် အသားမည်းလိမ့်မယ် သိပ်မစားနဲ့ လို့ ပုန်းရည်ကြီးကြိုက်တတ် ကျနော့်ကို နောက်တတ်ပါတယ်….

BD_Donation For ChinGu
ဒီနှစ် သူ့ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့တုန်းက ကျနော် တတ်နိုင်သလောက်လေး အလှုပြုပေးတာပါ… ပြုပေးတဲ့ ကျနော်ကိုယ်၌ တော်တော်လေး ကြည်နူးမိပါတယ်…
ဒုတိယတစ်ယောက်ကတော့ သင်ဇာဖြိုး ပါ…. သူနဲ့ခင်တာတော့ တစ်နှစ်မပြည့်တတ်သေးပါဘူး… သူငယ်ချင်းတစ်ယောက်က ကျနော့်အလုပ်နဲ့ သူ့အလုပ်နဲ့ ဆက်စပ်တယ်ဆိုပြီး မိတ်ဆက်ပေးလို့ သူနဲ့ ကျနော် ဆုံခဲ့ရတာပါ… ကျနော် invite လုပ်လို့ သူ လက်ခံခဲ့တာကို ဘာလို့ မိတ်ဆက်စကားစမပြောတာလဲ ဆိုပြီး ရန်လုပ်တဲ့ ကလေးမပေါ့…
.. စက်တင်ဘာလ ၁၆ရက် မှာ ၂၅ ပြည့်မယ့် သူက ကျနော့်ထက် ၁ နှစ်ကျော်ကျော်လေး ကြီးပေမယ့် နင်နဲ့ငါနဲ့ ပဲ ပြောဖြစ်ပါတယ်…. ဆရာလုပ်ခံရတာ မကြိုက်တဲ့ သူအချင်းချင်းပေမယ့် ခဏခဏ အချင်းချင်း ဆရာလုပ်ကြပါတယ်… ဟိတ်မရေ လို့ ကျနော် စကားစလိုက်တာနဲ့ ကျနော့်စိတ်ထဲ ဘာဖြစ်နေလဲ ဆိုတာ သိနိုင်သူလေးပါ… သူကလည်း စကားပြောတာ ပွင့်ပွင့်လင်းလင်း ၊ ဘွင်းဘွင်းရှင်းရှင်း ၊ ကျနော်ကလည်း ရင်ထဲက စကားကို ကာလာမချယ်ဘဲ ပြောတတ်တဲ့သူချင်းချင်းဆိုတော့ ကျနော်တို့မှ မခင်ရင် ဘယ်သူတွေ ခင်မှာလဲလို့ပဲ မေးလိုက်ချင်ပါတယ်….

ForMayThu
ဒီပုံလေးက သူချောင်းသာသွားတုန်းက မလိုက်ဖြစ်တဲ့ ကျနော့်အတွက် အမှတ်တရ ရိုက်လာခဲ့တဲ့ ပုံးလေးပါ… ကျေးဇူးပါ သူငယ်ချင်းရာ … အဲလို အမှတ်တရ ရှိတာ…
တတိယတစ်ယောက်ကတော့ အိုနီးစံ ပါ… အမှန်အတိုင်းပြောရရင် သူနဲ့ သင်ဇာဖြိုးနဲ့ ဘယ်သူက ငယ်တယ် ကျနော် မသိပါဘူး… ကျနော် မှတ်ထားတဲ့ သူ့မွေးနေ့က ၂၁.၉.၈၃ ပါ… ဒါပေမယ့် အဲဒါက စာရွက်စာတမ်းထဲက မွေးနေ့ဆိုတာ မနေ့တနေ့ကမှ သိလိုက်ရတာပါ… သူ့မွေးနေ့အမှန်ကို ကျနော် ခုထိ မသိသေးပါဘူး… အဲဒီတော့ ဒီနေ့ဟာ သူ့မွေးနေ့ဖြစ်မယ်ဆိုရင်တောင် ကျနော် သိမှာ မဟုတ်တဲ့အတွက် ဘာအမှတ်တရမှလည်း လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး… သူနဲ့ကတော့ စလိုက်နောက်လိုက် ၊ ရန်ဖြစ်လိုက်နဲ့မို့ ခင်မိသွားတယ် ထင်ပါတယ်… အစအနောက်သန်လွန်းလို့ တစ်ခါတစ်လေ အတည်ပြောနေတာကိုတောင် နောက်တယ်လို့ ထင်မိရသည်ထိပါပဲ… တလောက အောင်ခြင်းရှစ်ပါး လိုချင်တယ်လို့ပြောတာကို ကျနော်က နောက်တယ်လို့ တကယ်ထင်မိတာပါ… နောက်ခါ အတည်ပြောရင် အတည်ပါလို့ ရှေ့က စကားခံမှ ဖြစ်မယ်လို့ကို တွေးမိတဲ့အထိပါပဲ…
… ဘယ်လိုပဲ နောက်နေနောက်နေ စန္ဒာသူရိယ ဆိုတဲ့ ဓမ္မဒါနဘလော့လေးကိုတော့ သူရယ် ၊ သူ့ညီမလေး ယု ရယ် ၊ ကျနော်ရယ် သုံးယောက်ပေါင်းပြီး တည်တည်တံ့တံ့လေး ဒါနပြုထားပါတယ်…

Sandar Thuriya KyalSin
ကျွန်တော်တို့ သူငယ်ချင်းမောင်နှမသုံးယောက် ဓမ္မဒါနပြုထားတဲ့ စန္ဒာသူရိယကြယ်စင် ဓမ္မဘလော့လေး ကို printScreen ဖမ်းထားတာပါ…
Always b Happy!
မိုးထက်အိမ်
15.8.09 (SAT)
12:30pm